ကမ္ဘာဦးကျမ်း 15:14
သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 46:1ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။-
Genesis 50:24ယောသပ်ကသူ၏ညီအစ်ကိုတို့အား``ကျွန်ုပ် သည်သေရတော့အံ့။ ကျွန်ုပ်မရှိသော်လည်း ဘုရားသခင်သည်သင်တို့အားအမှန်မုချ ကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့ ကိုဤပြည်မှထုတ်ဆောင်၍အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟုကျိန်ဆိုကတိ ထားတော်မူသောပြည်သို့ခေါ်ဆောင်သွား တော်မူလိမ့်မည်'' ဟုဆို၏။-
Exodus 3:22ဣသရေလအမျိုးသမီးတိုင်းကမိမိ၏ အီဂျစ်ပြည်သားအိမ်နီးချင်းတို့ထံမှသော် လည်းကောင်း၊ မိမိအိမ်မှာတည်းခိုသောအီဂျစ် အမျိုးသမီးတို့ထံမှ ရွှေ၊ ငွေ၊ လက်ဝတ်တန် ဆာနှင့်အဝတ်အထည်များကိုတောင်းယူကြ လိမ့်မည်။ သင်တို့သည်သင်တို့၏သားသမီး များအားထိုပစ္စည်းများဖြင့်တန်ဆာဆင်ပေး ကြခြင်းဖြင့်အီဂျစ်ပြည်သားတို့၏ဥစ္စာ ပစ္စည်းများကိုအပိုင်ရရှိကြလိမ့်မည်'' ဟု မိန့်တော်မူ၏။
Exodus 7:1ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။-
Exodus 12:32သင်တို့၏ သိုး၊ ဆိတ်၊ နွားတို့ကိုလည်းယူဆောင် သွားကြလော့။ ငါသည်ကောင်းချီးခံစားရစေ ရန်ဘုရားသခင်ထံဆုတောင်းပေးပါလော့'' ဟုဆိုလေ၏။-
Deuteronomy 6:22ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့ အားလည်းကောင်း၊ သူတို့၏ဘုရင်နှင့်မှူးမတ် အရာရှိအပေါင်းတို့အားလည်းကောင်း နိမိတ် လက္ခဏာများကိုပြ၍ကြောက်မက်ဖွယ်သော ဘေးဥပဒ်များကျရောက်စေတော်မူခဲ့ပုံကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-