ကမ္ဘာဦးကျမ်း 17:10
သင်နှင့်သင်၏အဆက်အနွယ်တို့တွင် ယောကျာ်း တိုင်းအရေဖျားလှီးခြင်းမင်္ဂလာကိုခံရ ကြမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 17:23အာဗြဟံသည်ဘုရားသခင်၏အမိန့်ကို နာခံ၍ သူ၏သားဣရှမေလ၊ အိမ်၌ပေါက် ဖွားသောကျေးကျွန်နှင့်ငွေဝယ်ကျွန်များ အပါအဝင်အိမ်သားယောကျာ်းအပေါင်းတို့ အား ထိုနေ့ချင်း၌ပင်အရေဖျားလှီးမင်္ဂလာ ကိုပေးလေ၏။-
Genesis 21:4ဘုရားသခင်မိန့်မှာတော်မူသည့်အတိုင်းရှစ်ရက် သားအရွယ်၌အရေဖျားလှီးခြင်းမင်္ဂလာကို စီရင်လေသည်။-
Genesis 34:22သို့ရာတွင်ငါတို့ယောကျာ်းအားလုံးကသူ တို့နည်းတူ အရေဖျားလှီးခြင်းမင်္ဂလာကို ခံကြပါမှ သူတို့သည်ငါတို့နှင့်အတူနေ ထိုင်၍ ငါတို့နှင့်လူတစ်မျိုးတည်းဖြစ်နိုင်မည် ဟုဆိုပါသည်။-
Exodus 12:48လူမျိုးခြားတစ်ဦးဦးသည်သင်နှင့်အတူ နေထိုင်၍ ထာဝရဘုရား၏ပသခါပွဲတော် တွင်ပါဝင်လိုလျှင် သူနှင့်သူ၏အိမ်သားတို့ ကိုဦးစွာအရေဖျားလှီးမင်္ဂလာခံစေပြီး မှ ထိုသူအားဣသရေလအမျိုးသား ကဲ့သို့သတ်မှတ်ကာထိုပွဲတော်၌ပါဝင် စေနိုင်၏။ အရေဖျားလှီးခြင်းမင်္ဂလာ မခံသူမှန်သမျှသည်ထိုပွဲသို့ဝင်၍ မစားရ။-
Deuteronomy 30:6ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏ အဆက်အနွယ်တို့အား နားထောင်တတ် သောသဘောကိုပေးတော်မူလိမ့်မည်။ သင် တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်လျက် ထိုပြည်တွင်ဆက်လက်နေထိုင်နိုင်ရန်၊-
Joshua 5:4အီဂျစ်ပြည်မှထွက်လာသောယောကျာ်းအား လုံးတို့သည် အရေဖျားလှီးခြင်းမင်္ဂလာကို ခံပြီးဖြစ်သည်။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် နှစ်ပေါင်းလေးဆယ်ကြာ သောတောကန္တာရခရီးတွင်မည်သည့်ယောကျာ်း ကလေးမျှအရေဖျားလှီးခြင်းမင်္ဂလာကို မခံခဲ့ရချေ။ ထိုအနှစ်လေးဆယ်ကာလ ကုန်ဆုံးသောအခါ၌အီဂျစ်ပြည်မှထွက် လာသောစစ်မှုထမ်းအရွယ်ရောက်သူယောကျာ်း အပေါင်းတို့သည် ထာဝရဘုရား၏ပညတ် တော်ကိုမလိုက်နာသဖြင့်သေဆုံးကြကုန်၏။ ထာဝရဘုရားသည်ဘိုးဘေးတို့အားပေး မည်ဟုကတိထားတော်မူသောမြေသြဇာ ထက်သန်၍ အစာရေစာပေါကြွယ်ဝသည့် ပြည်ကို ထိုသူတို့မမြင်ရဟုကျိန်ဆိုတော် မူသည်နှင့်အညီမြင်ခွင့်ကိုမရကြချေ။-