ကမ္ဘာဦးကျမ်း 17:19
သို့ရာတွင်ဘုရားသခင်က``ထိုသို့မဖြစ်စေရ။ သင်၏မယားစာရာသည်သားကိုဖွားလိမ့်မည်။ ထိုသားကိုဣဇာက်ဟုမှည့်ခေါ်ရမည်။ ငါသည် သူနှင့်လည်းကောင်း၊ သူ၏အဆက်အနွယ်တို့နှင့် လည်းကောင်း ပြုသောပဋိညာဉ်ကိုထာဝစဉ် တည်စေမည်။ ထိုပဋိညာဉ်သည်ထာဝရပဋိ ညာဉ်ဖြစ်၏။-
Common Language Bible
In The King James Version
In Context
18ထိုနောက်``ဣရှမေလကိုအကျွန်ုပ်၏အမွေခံ ဖြစ်ပါစေ'' ဟုအာဗြဟံလျှောက်၏။
Cross References
Genesis 16:11သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။-
Genesis 18:10တစ်ယောက်သောဧည့်သည်က``ယခုမှစ၍ကိုးလ ကြာသောအခါ ငါပြန်လာဦးမည်။ ထိုအချိန်၌ သင်၏မယားစာရာ၌သားဖွားလိမ့်မည်'' ဟု ဆိုလေ၏။ ထိုအချိန်၌စာရာသည် ထိုသူ၏နောက်ကွယ် တဲဝမှာနေ၍ နားထောင်လျက်ရှိ၏။-
Genesis 21:3အာဗြဟံသည်ထိုသားကိုဣဇာက်ဟုနာမည် မှည့်၍၊-
Genesis 26:3ယခုဤပြည်၌နေလော့။ ငါသည်သင်နှင့် အတူရှိ၍ကောင်းချီးပေးမည်။ ဤဒေသအား လုံးကိုသင်နှင့်သင်၏အဆက်အနွယ်တို့အား ငါပေးမည်။ သင်၏အဖအာဗြဟံအားငါ ထားသောကတိအတိုင်းငါပြုမည်။-
Luke 1:13သို့ရာတွင်ကောင်းကင်တမန်က ``ဇာခရိ၊ မကြောက်နှင့်။ ဘုရားသခင်သည်သင်တောင်း လျှောက်သည့်ပတ္ထနာကိုနားညောင်းတော်မူပြီ။ သင်၏ဇနီးဧလိရှဗက်သည်သားရတနာ ကိုဖွားမြင်လိမ့်မည်။ ထိုသားကိုယောဟန်ဟု နာမည်မှည့်ရမည်။-
Galatians 4:28ညီအစ်ကိုတို့၊ သင်တို့သည်ဣဇာက်ကဲ့သို့ ဘုရားသခင်၏ကတိတော်အရဖွားမြင် သောသားသမီးများဖြစ်ကြ၏။-