The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 18 › ကမ္ဘာဦးကျမ်း 18:10

ကမ္ဘာဦးကျမ်း 18:10

တစ်​ယောက်​သော​ဧည့်​သည်​က``ယ​ခု​မှ​စ​၍​ကိုး​လ ကြာ​သော​အ​ခါ ငါ​ပြန်​လာ​ဦး​မည်။ ထို​အ​ချိန်​၌ သင်​၏​မ​ယား​စာ​ရာ​၌​သား​ဖွား​လိမ့်​မည်'' ဟု ဆို​လေ​၏။ ထို​အ​ချိန်​၌​စာ​ရာ​သည် ထို​သူ​၏​နောက်​ကွယ် တဲ​ဝ​မှာ​နေ​၍ နား​ထောင်​လျက်​ရှိ​၏။-

Common Language Bible

In The King James Version

And he said, I will certainly return unto thee according to the time of life; and, lo, Sarah thy wife shall have a son. And Sarah heard it in the tent door, which was behind him.

In Context

9သူ​တို့​က``သင်​၏​မ​ယား​စာ​ရာ​အ​ဘယ်​မှာ​ရှိ သ​နည်း'' ဟု​မေး​၏။ အာ​ဗြ​ဟံ​က``တဲ​ထဲ​မှာ​ရှိ​ပါ​သည်'' ဟု​ပြန် ဖြေ​၏။

11အာ​ဗြ​ဟံ​နှင့်​စာ​ရာ​တို့​သည်​အ​ရွယ်​လွန်​ကြ ပြီ​ဖြစ်​၍ စာ​ရာ​၌​သွေး​ဆုံး​နေ​ပြီ​ဖြစ်​သည်။-

Read all of ကမ္ဘာဦးကျမ်း 18

Cross References

Genesis 17:16ငါ​သည်​သူ့​ကို​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​သည် သူ့​အား​ဖြင့်​သား​ရ​လိမ့်​မည်။ ငါ​သည်​သူ့​ကို ကောင်း​ချီး​ပေး​၍ သူ​သည်​လူ​အ​မျိုး​မျိုး​တို့​၏ မိ​ခင်​ဖြစ်​လိမ့်​မည်။ သူ​၏​အ​ဆက်​အ​နွယ်​တို့​မှ လူ​အ​မျိုး​မျိုး​တို့​၏​မင်း​များ​ပေါ်​ထွန်း​လာ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

Genesis 17:21သို့​ရာ​တွင်​နောင်​နှစ်​ဤ​အ​ချိန်​ခန့်​၌​စာ​ရာ​မွေး ဖွား​မည့် သင်​၏​သား​ဣဇာက်​၌​လည်း​ငါ​၏​ပ​ဋိ​ညာဉ် ကို​တည်​စေ​မည်'' ဟု​မိန့်​တော်​မူ​၏။-

Genesis 21:2အာ​ဗြ​ဟံ​အ​သက်​အ​ရွယ်​ကြီး​ရင့်​သည့်​အ​ခါ ၌ စာ​ရာ​သည်​ကိုယ်​ဝန်​ဆောင်​၍​သား​ကို​ဖွား​မြင် လေ​၏။ ဘု​ရား​သ​ခင်​သတ်​မှတ်​သော​အ​ချိန်​၌ ထို​သား​ကို​ဖွား​မြင်​၏။-

Judges 13:3ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန်​သည် ထို အ​မျိုး​သ​မီး​၏​ရှေ့​တွင်​ပေါ်​လာ​၍``သင်​သည် အ​ဘယ်​အ​ခါ​မျှ​သား​သ​မီး​မ​ရ​နိုင်​ခဲ့ သော်​လည်း မ​ကြာ​မီ​ကိုယ်​ဝန်​ဆောင်​၍​သား ယောကျာ်း​ကို​ဖွား​မြင်​လိမ့်​မည်။-

Luke 1:13သို့​ရာ​တွင်​ကောင်း​ကင်​တ​မန်​က ``ဇာ​ခ​ရိ၊ မ​ကြောက်​နှင့်။ ဘု​ရား​သ​ခင်​သည်​သင်​တောင်း လျှောက်​သည့်​ပတ္ထ​နာ​ကို​နား​ညောင်း​တော်​မူ​ပြီ။ သင်​၏​ဇ​နီး​ဧ​လိ​ရှ​ဗက်​သည်​သား​ရ​တ​နာ ကို​ဖွား​မြင်​လိမ့်​မည်။ ထို​သား​ကို​ယောဟန်​ဟု နာ​မည်​မှည့်​ရ​မည်။-

Galatians 4:23ကျွန်​မ​နှင့်​ရ​သော​သား​သည်​သာ​မန်​သ​ဘာ​ဝ အ​တိုင်း​မွေး​ဖွား​လာ​သူ​ဖြစ်​၏။ လွတ်​လပ်​သော မိန်း​မ​နှင့်​ရ​သော​သား​မူ​ကား​ဘု​ရား​သ​ခင် ၏​က​တိ​တော်​အ​ရ​မွေး​ဖွား​လာ​သူ​တည်း။-

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 18:10

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 18:9ကမ္ဘာဦးကျမ်း 18ကမ္ဘာဦးကျမ်း 18:11 →