ကမ္ဘာဦးကျမ်း 18:30
တစ်ဖန်အာဗြဟံက``အို ဘုရားရှင်၊ အမျက် ထွက်တော်မမူပါနှင့်။ တစ်ကြိမ်ထပ်၍လျှောက် တင်ပါရစေ။ အပြစ်မဲ့သူသုံးဆယ်ရှိလျှင် မြို့ကိုဖျက်ဆီးပစ်ဦးမည်လော'' မေးလျှောက် ပြန်၏။ ကိုယ်တော်က``အပြစ်မဲ့သူသုံးဆယ်ရှိလျှင် ငါသည်မြို့ကိုမဖျက်ဆီး'' ဟုမိန့်တော်မူ၏။
Common Language Bible
In The King James Version
In Context
Cross References
Judges 6:39ထိုနောက်သူသည်ထာဝရဘုရားအား``အကျွန်ုပ် ကိုအမျက်ထွက်တော်မမူပါနှင့်။ ယခုတစ် ကြိမ်သာလျှင်ထပ်မံလျှောက်ထားခွင့်ပြုတော် မူပါ။ သိုးမွေးနှင့်နောက်တစ်ကြိမ်ထပ်မံစမ်း သပ်ခွင့်ပြုတော်မူပါ။ ဤတစ်ကြိမ်၌သိုး မွေးသည်ခြောက်သွေ့လျက် မြေကြီးသည် နှင်းစိုလျက်နေစေတော်မူပါ'' ဟုလျှောက် ၏။-
Job 40:4ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။
Psalms 10:17အို ထာဝရဘုရား၊ ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့၏ဆုတောင်း ပတ္ထနာကိုနားညောင်းတော်မူလျက် သူတို့အားရဲစွမ်းသတ္တိကိုပေးတော်မူလိမ့် မည်။
Isaiah 6:5ငါကလည်း၊``ငါ၌မျှော်လင့်စရာမရှိတော့ပြီ။ ငါသည်အမင်္ဂလာရှိပါသည်တကား။ ငါ၏နှုတ်ထွက်စကားမှန်သမျှသည်ညစ်ညမ်း၍ ညစ်ညမ်းသောစကားကိုသာလျှင်ပြောဆိုတတ်သူတို့အထဲတွင်ငါနေထိုင်ရ၏။ သို့ရာတွင်ယခုငါသည် အနန္တတန်ခိုးရှင်ထာဝရဘုရားတည်းဟူသောဘုရင်မင်းကိုဖူးမြင်ရလေပြီ'' ဟုဆို၏။
Hebrews 12:28ထို့ကြောင့်ငါတို့ရရှိကြသည့်နိုင်ငံတော် သည်မတုန်မလှုပ်နိုင်သည်ဖြစ်ရာငါတို့ သည်ကျေးဇူးတော်ကိုချီးမွမ်းကြစို့။ ငါ တို့သည်ကျေးဇူးတင်၍ကြောက်ရွံ့ရိုသေ သောသဘောနှင့်ကိုယ်တော်အား နှစ်သက် တော်မူသောနည်းဖြင့်ဝတ်ပြုကိုးကွယ် ကြကုန်အံ့။-