The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 19 › ကမ္ဘာဦးကျမ်း 19:14

ကမ္ဘာဦးကျမ်း 19:14

ထို​အ​ခါ​လော​တ​သည် မိ​မိ​၏​သ​မက်​လောင်း​များ​ထံ​သို့​သွား​၍``ဤ​အ​ရပ်​မှ​အ​မြန်​ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​တော်​မူ​မည်'' ဟု​တိုက်​တွန်း​လေ​၏။ သို့​ရာ​တွင်​သ​မက်​လောင်း​တို့​သည် လော​တ​ကျီ​စား​ပြော​နေ​သည်​ဟု​ထင်​မှတ်​ကြ​လေ​သည်။

Common Language Bible

In The King James Version

And Lot went out, and spake unto his sons in law, which married his daughters, and said, Up, get you out of this place; for the LORD will destroy this city. But he seemed as one that mocked unto his sons in law.

In Context

13သော​ဒုံ​မြို့​သား​တို့​အား​ကြီး​လေး​သော​အ​ပြစ်​တင်​စွပ်​စွဲ​သံ​များ​ကို​ထာ​ဝ​ရ​ဘု​ရား​ကြား​ရ​သ​ဖြင့် သော​ဒုံ​မြို့​ကို​ဖျက်​ဆီး​ပစ်​ရန် ငါ​တို့​ကို​စေ​လွှတ်​လိုက်​သည်'' ဟု​လော​တ​အား​ဆို​လေ​သည်။

15နံ​နက်​အ​ချိန်​အ​ရုဏ်​တက်​အ​ချိန်​၌ ကောင်း​ကင်​တ​မန်​တို့​က​လော​တ​အား​အ​မြန်​ထွက်​သွား​ရန်​တိုက်​တွန်း​လေ​သည်။ သူ​တို့​က``မြို့​ကို​ဖျက်​ဆီး​သော​အ​ခါ​သင်​၏​မ​ယား​နှင့်​သ​မီး​နှစ်​ယောက်​အ​သက်​မ​ဆုံး​ရ​စေ​ရန် သူ​တို့​ကို​ခေါ်​၍​ယ​ခု​အ​မြန်​ထွက်​လော့'' ဟု​ဆို​၏။-

Read all of ကမ္ဘာဦးကျမ်း 19

Cross References

Genesis 19:17ထို​နောက်​ကောင်း​ကင်​တ​မန်​တစ်​ပါး​က``အ​သက်​ဘေး​မှ​လွတ်​အောင်​ပြေး​ကြ​လော့။ နောက်​သို့​လှည့်​မ​ကြည့်​နှင့်။ ချိုင့်​ဝှမ်း​ထဲ​၌​မ​ရပ်​နား​နေ​နှင့်။ အ​သက်​ချမ်း​သာ​ရာ​ရ​ရန်​တောင်​ပေါ်​သို့​ပြေး​ကြ​လော့'' ဟု​မှာ​ကြား​လေ​သည်။

Exodus 9:21အ​ခြား​သော​သူ​များ​က​မူ​ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ မိ​မိ တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန်​များ​ကို​အ​မိုး အ​ကာ​အောက်​သို့​မ​သွင်း​ဘဲ​နေ​ကြ​၏။

Numbers 16:21ဤ​သူ​တို့​အ​နီး​အ​ပါး​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့​ကို​ယ​ခု​ချက်​ချင်း​ဖျက် ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။

Numbers 16:45``ဤ​သူ​တို့​ထံ​မှ​ခွာ​၍​နေ​လော့။ ငါ​သည်​သူ​တို့ ကို​ချက်​ချင်း​ဖျက်​ဆီး​ပစ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​မြေ​ပေါ် တွင်​ပျပ်​ဝပ်​လျက်​နေ​ကြ​၏။-

2 Chronicles 36:16သို့​ရာ​တွင်​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​စေ​တ​မန် တို့​အား​ပြက်​ရယ်​ပြု​၍ အ​မိန့်​တော်​ကို​နား​မ​ထောင် ကြ။ ပ​ရော​ဖက်​တို့​အား​ပြောင်​လှောင်​ကြ​၏။ သို့ ဖြစ်​၍​နောက်​ဆုံး​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း စွာ​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် သူ​တို့​အား ချမ်း​သာ​မ​ပေး​တော့​ချေ။

Isaiah 28:22အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​တစ် ပြည်​လုံး​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​ရန် သန္နိ​ဋ္ဌာန် ချ​မှတ်​ပြီး​ကြောင်း​ငါ​ကြား​သိ​ရ​လေ​ပြီ။ သင်​တို့​အား​ငါ​သ​တိ​ပေး​သည်​ကို​ပြက် ရယ်​မ​ပြု​ကြ​နှင့်။ ပြက်​ရယ်​ပြု​ကြ​ပါ​မူ သင်​တို့​သည်​အ​သက်​ဘေး​မှ​လွတ်​ကင်း ရန်​ပို​၍​ပင်​ခဲ​ယဉ်း​ပေ​လိမ့်​မည်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 19:14

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 19:13ကမ္ဘာဦးကျမ်း 19ကမ္ဘာဦးကျမ်း 19:15 →