The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 19 › ကမ္ဘာဦးကျမ်း 19:15

ကမ္ဘာဦးကျမ်း 19:15

နံ​နက်​အ​ချိန်​အ​ရုဏ်​တက်​အ​ချိန်​၌ ကောင်း​ကင်​တ​မန်​တို့​က​လော​တ​အား​အ​မြန်​ထွက်​သွား​ရန်​တိုက်​တွန်း​လေ​သည်။ သူ​တို့​က``မြို့​ကို​ဖျက်​ဆီး​သော​အ​ခါ​သင်​၏​မ​ယား​နှင့်​သ​မီး​နှစ်​ယောက်​အ​သက်​မ​ဆုံး​ရ​စေ​ရန် သူ​တို့​ကို​ခေါ်​၍​ယ​ခု​အ​မြန်​ထွက်​လော့'' ဟု​ဆို​၏။-

Common Language Bible

In The King James Version

And when the morning arose, then the angels hastened Lot, saying, Arise, take thy wife, and thy two daughters, which are here; lest thou be consumed in the iniquity of the city.

In Context

14ထို​အ​ခါ​လော​တ​သည် မိ​မိ​၏​သ​မက်​လောင်း​များ​ထံ​သို့​သွား​၍``ဤ​အ​ရပ်​မှ​အ​မြန်​ထွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​မြို့​ကို​ဖျက်​ဆီး​တော်​မူ​မည်'' ဟု​တိုက်​တွန်း​လေ​၏။ သို့​ရာ​တွင်​သ​မက်​လောင်း​တို့​သည် လော​တ​ကျီ​စား​ပြော​နေ​သည်​ဟု​ထင်​မှတ်​ကြ​လေ​သည်။

16သို့​သော်​လည်း​လော​တ​သည်​ဖင့်​နွဲ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ကို​သ​နား​တော်​မူ​၏။ သို့​ဖြစ်​၍​ကောင်း​ကင်​တ​မန်​တို့​သည် သူ​နှင့်​သူ​၏​မ​ယား၊ သူ​၏​သ​မီး​နှစ်​ယောက်​တို့​ကို​လက်​ဆွဲ​၍ မြို့​ပြင်​သို့​ထုတ်​ကြ​၏။-

Read all of ကမ္ဘာဦးကျမ်း 19

Cross References

Genesis 19:22မြန်​မြန်​ပြေး​လော့။ ထို​မြို့​သို့​သင်​မ​ရောက်​မီ ငါ​သည်​သော​ဒုံ​မြို့​ကို​ဒဏ်​မ​စီ​ရင်​နိုင်'' ဟု​ဆို​လေ​၏။ လော​တ​သည်​ထို​မြို့​ကို​မြို့​က​လေး​ဟု​ခေါ်​သ​ဖြင့် ဇော​ရ​မြို့​ဟု​နာ​မည်​တွင်​လေ​၏။

Proverbs 6:4အိပ်မပျော်နှင့်။ မျက်စိမှိတ်၍ မငိုက်နှင့်။

2 Corinthians 6:2ဘု​ရား​သ​ခင်​က၊ ``ငါ​သည်​သင်​တို့​ကို​ကျေး​ဇူး​ပြု​ရန် အ​ချိန်​ကျ​ရောက်​သော​အ​ခါ၊ သင်​တို့​လျှောက်​ထား​ချက်​ကို​နား​ညောင်း​ခဲ့ လေ​ပြီ။ ကယ်​တင်​ရာ​နေ့​ရက်​ကျ​ရောက်​သော​အ​ခါ သင်​တို့​အား​ကူ​မ​ခဲ့​လေ​ပြီ'' ဟု​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​ကြ​လော့။ ကိုယ် တော်​၏​ကျေး​ဇူး​ပြု​ခြင်း​ကို​ခံ​ယူ​ရန်​အ​ချိန် ကား​ယ​ခု​ပင်​ဖြစ်​၏။ ကယ်​တင်​ရာ​နေ့​ရက်​ကာ​လ သည်​ယ​နေ့​ပင်​ဖြစ်​သ​တည်း။

Revelation 18:4ထို​နောက်​ကောင်း​ကင်​ဘုံ​က​အ​ခြား​သော​အ​သံ ကို​ငါ​ကြား​ရ​၏။ ထို​အ​သံ​က၊ ``ထွက်​ခဲ့​ကြ​လော့။ ငါ​၏​လူ​စု​တော်​တို့၊ သူ့​ထံ​မှ​ထွက်​ခဲ့​ကြ​လော့။ သူ​နှင့်​အ​တူ​အ​ပြစ်​မ​ကူး​ကြ​နှင့်။ သူ​နှင့်​အ​တူ​အ​ပြစ်​ဒဏ်​ကို​မ​ခံ​ကြ​နှင့်။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 19:15

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 19:14ကမ္ဘာဦးကျမ်း 19ကမ္ဘာဦးကျမ်း 19:16 →