ကမ္ဘာဦးကျမ်း 19:3
ဧည့်သည်နှစ်ဦးတို့သည်လောတအဖန်တလဲလဲခေါ်ဖိတ်ခြင်းကြောင့် သူ၏အိမ်သို့လိုက်လာကြ၏။ လောတသည်သူ၏အစေခံတို့အားမုန့်ဖုတ်စေ၍ စားဖွယ်ကောင်းများကိုပြင်ဆင်စေ၏။ ထို့နောက်ဧည့်သည်တို့သည်သုံးဆောင်ကြ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 18:6အာဗြဟံသည်တဲထဲရှိစာရာထံသို့အလျင် အမြန်ဝင်သွားပြီးလျှင်``အကောင်းဆုံးမုန့်ညက် ကိုယူ၍မုန့်အမြန်ဖုတ်ပါ'' ဟုစေခိုင်းလေ သည်။-
Exodus 12:15ထာဝရဘုရားက``သင်တို့သည်ခုနစ်ရက် ပတ်လုံးတဆေးပါသောမုန့်ကိုမစားရ။ တဆေးမဲ့မုန့်ကိုသာစားရမည်။ ပထမ နေ့တွင်သင်တို့၏အိမ်များမှတဆေးကို ဖယ်ရှားရမည်။ ထိုခုနစ်ရက်အတွင်း၌တစ် စုံတစ်ယောက်သောသူသည် တဆေးပါသော မုန့်ကိုစားမိလျှင်ထိုသူသည်ငါ၏လူမျိုး တော်မှအပယ်ခံရမည်။-
Judges 6:19သို့ဖြစ်၍ဂိဒေါင်သည်မိမိအိမ်သို့ပြန်ပြီး လျှင် ဆိတ်ငယ်တစ်ကောင်ကိုချက်ပြုတ်၏။ တဆေးမဲ့မုန့်ညက်တစ်တင်းဖြင့်မုန့်ကို ပြင်ဆင်၏။ ထိုနောက်ဆိတ်သားကိုတောင်း နှင့်လည်းကောင်း၊ ဆိတ်ပြုတ်ရည်ကိုအိုးတစ် လုံး၌လည်းကောင်းထည့်၍ ကောင်းကင်တမန် ရှိရာသပိတ်ပင်အောက်သို့ယူဆောင်လာပြီး လျှင်သူ့အားဆက်လေသည်။-
2 Kings 4:8တစ်နေ့သ၌ဧလိရှဲသည်ရှုနင်မြို့သို့သွား၏။ ထိုမြို့တွင်ချမ်းသာကြွယ်ဝသောအမျိုးသမီး တစ်ဦးရှိ၏။ သူသည်ဧလိရှဲအားဖိတ်ခေါ်၍ ကျွေးမွေးဧည့်ခံ၏။ ထိုကြောင့်ထိုအချိန်မှ အစပြု၍ဧလိရှဲသည် ထိုမြို့သို့ရောက်သည့် အခါတိုင်းထိုအမျိုးသမီး၏အိမ်တွင်စား သောက်လေသည်။-
Luke 11:8အိမ်ရှင်သည်မိတ်ဆွေတစ်ဦးအနေဖြင့်အိပ်ရာ မှထ၍သူ့အားမုန့်များကိုပေးလိမ့်မည်မဟုတ်။ သို့သော်လည်းထိုသူသည်အရှက်အကြောက် ကင်းမဲ့စွာဆက်လက်တောင်းခံနေသောကြောင့် အိမ်ရှင်သည်ထ၍လိုသမျှသောမုန့်များ ကိုပေးလိမ့်မည်။-
Luke 24:28ထိုသူတို့သွားသည့်ရွာအနီးသို့ရောက်ကြ လျှင်ကိုယ်တော်သည်ရှေ့သို့ဆက်၍သွားမည့် ဟန်ပြု၏။-