ကမ္ဘာဦးကျမ်း 20:1
အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
Common Language Bible
In The King James Version
In Context
Cross References
Genesis 10:19ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
Genesis 13:1အာဗြံဇနီးမောင်နှံတို့သည်ပိုင်သမျှပစ္စည်းတို့ကိုယူ၍ အီဂျစ်ပြည်မြောက်ပိုင်းမှခါနာန်ပြည်တောင်ပိုင်းသို့ထွက်ခွာခဲ့သည်။ လောတလည်းလိုက်ပါလာခဲ့လေသည်။-
Genesis 16:1အာဗြံ၏မယားစာရဲတွင်သားတစ်ယောက်မျှ မထွန်းကားချေ။ စာရဲ၌ဟာဂရအမည်ရှိ သောအီဂျစ်ပြည်သူကျွန်မတစ်ယောက်ရှိ၏။-
Genesis 16:14ထိုအကြောင်းကြောင့်ကာဒေရှမြို့နှင့်ဗေရက် မြို့စပ်ကြားရှိရေတွင်းကို``ငါ့ကိုမြင်တော်မူ သည့်အသက်ရှင်တော်မူသောအရှင်၏ရေတွင်း'' ဟုခေါ်တွင်လေသည်။
Genesis 21:34ထိုနောက်အာဗြဟံသည်ဖိလိတ္တိပြည်တွင် ကြာမြင့်စွာနေထိုင်လေသည်။
Genesis 26:1ထိုပြည်တွင်အာဗြဟံလက်ထက်ကကဲ့သို့ အစာခေါင်းပါးခြင်းကပ်ဆိုက်ရောက်လာရာ ဣဇာက်သည်ဖိလိတ္တိဘုရင်အဘိမလက် နန်းစိုက်ရာဂေရာမြို့သို့သွားလေ၏။-