ကမ္ဘာဦးကျမ်း 22:11
ထိုအခိုက်တွင်ထာဝရဘုရား၏ကောင်းကင်တမန် သည်``အာဗြဟံ၊ အာဗြဟံ'' ဟုကောင်းကင်မှ ခေါ်လေ၏။ အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင်ဘုရား'' ဟုထူးလေ၏။
Common Language Bible
In The King James Version
In Context
10ထိုနောက်သားကိုသတ်ရန်ဋ္ဌားကိုယူလိုက်၏။-
Cross References
Genesis 16:9ထာဝရဘုရား၏ကောင်းကင်တမန်က လည်း``သခင်မထံသို့ပြန်၍ကျွန်ခံလော့'' ဟု ဆို၏။-
Genesis 22:1ကာလအတန်ကြာသောအခါဘုရားသခင် သည် အာဗြဟံ၏နာခံခြင်းသဘောကိုစစ်ဆေး တော်မူ၏။ ဘုရားသခင်က``အာဗြဟံ'' ဟုခေါ် လျှင်အာဗြဟံက``အကျွန်ုပ်ရှိပါ၏အရှင် ဘုရား'' ဟုထူးလေ၏။
Genesis 22:16``ငါထာဝရဘုရား၊ ယခုမိန့်ကြားနေသည်။ ငါသည်သင့်အားကြွယ်ဝစွာကောင်းချီးပေး မည်။ သင်၏တစ်ယောက်တည်းသောသားကိုငါ တောင်းသည့်အတိုင်းငြင်းဆန်ခြင်းမပြုဘဲ ပူဇော်သည့်အမှုကြောင့်၊-
Genesis 46:2ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။ ``အကျွန်ုပ်ရှိပါသည်အရှင်ဘုရား'' ဟု ယာကုပ်ထူးလေ၏။
Judges 2:1ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှဗောခိမ်မြို့သို့သွား၍ ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ပြီးလျှင် သင်တို့ဘိုးဘေးတို့အားငါကတိပြုခဲ့သည့် ပြည်သို့ပို့ဆောင်ပေးခဲ့၏။ ငါသည်သင်တို့နှင့် ပြုသည့်ပဋိညာဉ်ကိုအဘယ်အခါ၌မျှ ဖျက်လိမ့်မည်မဟုတ်။-
1 Samuel 3:10ထာဝရဘုရားသည်ကြွလာတော်မူ၍ ရှမွေလအနီးတွင်ရပ်တော်မူလျက်``ရှမွေလ၊ ရှမွေလ'' ဟုရှေးနည်းတူခေါ်တော်မူ၏။ ရှမွေလက``အမိန့်ရှိတော်မူပါ။ ကိုယ်တော်၏ ကျွန်နာခံလျက်ရှိပါ၏'' ဟုလျှောက်၏။