ကမ္ဘာဦးကျမ်း 25:18
ဣရှမေလ၏အဆက်အနွယ်တို့သည်အီဂျစ် ပြည်အရှေ့ဘက်အာရှုရိပြည်သို့သွားရာလမ်း တွင် ဟဝိလမြို့နှင့်ရှုရမြို့အကြားရှိဒေသ တွင်နေထိုင်ကြသည်။ သူတို့သည်အာဗြဟံ၏ အခြားသောအဆက်အနွယ်တို့နှင့်တသီး တခြားနေထိုင်ကြလေသည်။
Common Language Bible
In The King James Version
In Context
17ဣရှမေလသည်အသက်တစ်ရာ့သုံးဆယ့်ခုနစ် နှစ်ရှိသော်ကွယ်လွန်လေသည်။-
19အာဗြဟံသားဣဇာက်၏အတ္ထုပ္ပတ္တိကိုဖော်ပြ ပေအံ့။-
Cross References
Genesis 2:11ပထမမြစ်သည်ကားဖိရှုန်မြစ်ဖြစ်၍ ဟာဝိလပြည်ကိုပတ်၍စီးဆင်း၏။-
Genesis 10:29သြဖိရလူမျိုး၊ ဟဝိလလူမျိုးနှင့်ယောဗပ်လူမျိုး များဖြစ်ကြ၏။ ထိုလူမျိုးအားလုံးတို့သည်ယုတ္တန် မှဆင်းသက်လာကြသည်။-
Genesis 14:10ထိုချိုင့်ဝှမ်းတွင်ကတ္တရာတွင်းများပြည့်နှက်လျက် ရှိရာ သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည် စစ်ရေးမလှသဖြင့် ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျကြကုန်၏။ ကျန်သော ဘုရင်သုံးပါးတို့သည်တောင်များပေါ်သို့ထွက် ပြေးကြလေသည်။-
Genesis 16:12သို့ရာတွင်သင်၏သားသည်မြည်းရိုင်းကဲ့သို့နေ ထိုင်ရလိမ့်မည်။ သူသည်လူတိုင်းနှင့်ရန်ဘက် ဖြစ်၍ လူတိုင်းကလည်းသူ့ကိုရန်ဘက်ပြု လိမ့်မည်။ သူသည်မွေးချင်းပေါက်ဖော်တို့နှင့် ခွဲခွာနေထိုင်ရလိမ့်မည်'' ဟုမြွက်ဆိုလေ၏။
Genesis 21:14နောက်တစ်နေ့နံနက်စောစော၌အာဗြဟံသည် အစားအစာနှင့်ရေဘူးကိုဟာဂရအားပေး လေ၏။ သူငယ်ကိုလည်းကျွန်မ၏ပခုံးပေါ်တွင် တင်၍အိမ်မှထွက်ခွာသွားစေ၏။ ဟာဂရသည် လည်းအိမ်မှထွက်ခွာခဲ့ရာဗေရရှေဘဟုခေါ် သောတောကန္တာရသို့ရောက်လေ၏။-
Exodus 15:22ထိုနောက်မောရှေသည်ဣသရေလအမျိုးသား တို့ကို ပင်လယ်နီမှရှုရဟုခေါ်သောတော ကန္တာရသို့ခေါ်ဆောင်သွားလေ၏။ သူတို့သည် တောကန္တာရထဲတွင်သုံးရက်ခရီးသွားခဲ့ ရသော်လည်းလမ်းတွင်ရေကိုမတွေ့ရ။-