ကမ္ဘာဦးကျမ်း 26:22
တစ်ဖန်ဣဇာက်သည်ထိုအရပ်မှပြောင်း၍အခြား တစ်နေရာ၌ရေတွင်းတစ်တွင်းတူးပြန်လေသည်။ ထိုရေတွင်းနှင့်ပတ်သက်၍အငြင်းပွားမှုမရှိ သဖြင့်``လွတ်လပ်ခြင်း'' ဟုနာမည်မှည့်လေသည်။ ဣဇာက်က``ထာဝရဘုရားသည်ဤပြည်၌ငါ တို့အားလွတ်လပ်စွာနေထိုင်ခွင့်ပေးတော်မူပြီ ဖြစ်၍ငါတို့စီးပွားတိုးတက်မည်'' ဟုဆိုလေ၏။
Common Language Bible
In The King James Version
In Context
23ထိုနောက်ဣဇာက်သည်ဗေရရှေဘအရပ်သို့ ပြောင်းရွှေ့ခဲ့သည်။-
Cross References
Genesis 28:3အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
Exodus 1:7သို့ရာတွင်ဣသရေလအမျိုးသားတို့သည်သားသမီးမြောက်မြားစွာမွေးဖွား၍ အလွန်တိုးပွားများပြားလာသဖြင့်၊ တစ်တိုင်းတစ်ပြည်လုံးတွင်အနှံ့အပြားနေထိုင်ကြလေသည်။
Psalms 18:19ငါဘေးရောက်သောအခါကိုယ်တော်သည် ငါ့ကိုကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
Psalms 119:32ကိုယ်တော်ရှင်သည်ကွန်တော်မျိုးအားအသိဉာဏ် ပိုမိုပွင့်လင်းစေတော်မူမည်ဖြစ်၍ ကွန်တော်မျိုးသည်အမိန့်တော်တို့ကို စိတ်အားထက်သန်စွာလိုက်နာပါမည်။