ကမ္ဘာဦးကျမ်း 26:29
ငါတို့ကသင့်အားရန်ဖက်မပြုဘဲ သင်တို့အား ကြင်နာ၍အေးချမ်းစွာထွက်သွားစေသည့်နည်း တူ သင်ကငါတို့အားလည်းရန်ဖက်မပြုပါဟု ကတိပြုပါလော့။ ထာဝရဘုရားသည်သင့် အားကောင်းချီးပေးတော်မူကြောင်းသိသာထင် ရှားပါသည်'' ဟုဆို၏။-
Common Language Bible
In The King James Version
In Context
30ဣဇာက်သည်စားသောက်ပွဲကိုပြင်ဆင်၍ သူ တို့အားလုံးအတူတကွစားသောက်ကြ လေသည်။-
Cross References
Genesis 12:3သင့်ကိုကောင်းချီးပေးသူတို့အားငါကောင်း ချီးပေးမည်။ သင့်ကိုကျိန်ဆဲသူတို့အားငါကျိန်ဆဲမည်။ ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့သည်သင့်အားဖြင့် ကောင်းချီးခံစားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
Genesis 22:17သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
Genesis 26:11ထိုနောက်အဘိမလက်က``ဤသူကိုသော်လည်း ကောင်း၊ သူ၏မယားကိုသော်လည်းကောင်းမ တရားသဖြင့်ပြုသောသူအားသေဒဏ်သင့် စေမည်'' ဟုပြည်သားတို့အားသတိပေးလေ၏။
Psalms 115:15ကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုဖန်ဆင်းတော် မူသော ထာဝရဘုရားသည်သင်တို့အားကောင်းချီးပေး တော်မူပါစေသော။