ကမ္ဘာဦးကျမ်း 26:31
နောက်တစ်နေ့နံနက်စောစောတွင် သူတို့အချင်း ချင်းတစ်ဦးနှင့်တစ်ဦးကတိသစ္စာပြုကြ၏။ ထို့ နောက်သူတို့အချင်းချင်းနှုတ်ဆက်ပြီးလျှင် မိတ်ဆွေဖြစ်လျက်ခွဲခွာကြလေသည်။
Common Language Bible
In The King James Version
In Context
30ဣဇာက်သည်စားသောက်ပွဲကိုပြင်ဆင်၍ သူ တို့အားလုံးအတူတကွစားသောက်ကြ လေသည်။-
32ဣဇာက်၏အစေခံတို့ကသူတို့တူးသောရေ တွင်းရေထွက်ကြောင်းဣဇက်အားပြောပြကြ၏။-
Cross References
Genesis 14:22ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။
Genesis 21:14နောက်တစ်နေ့နံနက်စောစော၌အာဗြဟံသည် အစားအစာနှင့်ရေဘူးကိုဟာဂရအားပေး လေ၏။ သူငယ်ကိုလည်းကျွန်မ၏ပခုံးပေါ်တွင် တင်၍အိမ်မှထွက်ခွာသွားစေ၏။ ဟာဂရသည် လည်းအိမ်မှထွက်ခွာခဲ့ရာဗေရရှေဘဟုခေါ် သောတောကန္တာရသို့ရောက်လေ၏။-
Genesis 21:27ထိုနောက်အာဗြဟံသည်အဘိမလက်အား သိုးနှင့်နွားတို့ကိုပေး၍သူတို့နှစ်ဦးကတိ သစ္စာပြုကြလေသည်။-
Genesis 22:3နောက်တစ်နေ့နံနက်စောစောတွင်အာဗြဟံသည် ယဇ်ပူဇော်ရန်ထင်းကိုခွဲ၍မြည်းပေါ်သို့တင် ပြီးလျှင် ဣဇာက်နှင့်အစေခံနှစ်ယောက်တို့ကို ခေါ်လျက်ဘုရားသခင်ညွှန်ပြသောအရပ် သို့ရှေ့ရှုလာခဲ့သည်။-
Genesis 31:44သင်နှင့်ငါပဋိညာဉ်ပြုလိုပါသည်။ ထိုပဋိ ညာဉ်ပြုချက်ကိုငါတို့သတိရစေခြင်းငှာ ကျောက်ပုံတည်ကြစို့'' ဟုယာကုပ်အားပြော လေသည်။
1 Samuel 14:24ရှောလုက``ယနေ့ရန်သူတို့အားငါလက်စား မချေရမီ အစားအစာစားသောက်သူသည် ကျိန်စာသင့်ပါစေသတည်း'' ဟုကျိန်ဆိုထား သဖြင့်ထိုနေ့၌ဣသရေလအမျိုးသားတို့ သည် ဆာလောင်မွတ်သိပ်ကာနွမ်းနယ်လျက်ရှိ ကြ၏။ တစ်နေ့လုံးအဘယ်သူမျှအစား အစာမစားရကြ။-