ကမ္ဘာဦးကျမ်း 28:1
ထိုအခါဣဇာက်သည်ယာကုပ်ကိုခေါ်ပြီး လျှင်``သင်သည်ခါနာန်အမျိုးသမီးနှင့် အိမ်ထောင်မပြုရ။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 6:2အထက်ဘုံသား အချို့တို့သည်လူသမီးများရုပ်အဆင်းလှ သည်ကိုမြင်၍ မိမိတို့နှစ်သက်ရာကိုရွေးယူ စုံဖက်ကြ၏။-
Genesis 24:37သခင်ကလည်းကျွန်ုပ်အား`သင်သည်ငါ၏သား အတွက် မယားကိုခါနာန်ပြည်ရှိအမျိုးသမီး များထဲမှမရှာရ။-
Genesis 27:4ငါကြိုက်နှစ်သက်သောအမဲဟင်းလျာကိုချက် ၍ငါ့ထံသို့ယူခဲ့ပါ။ ထိုဟင်းကိုငါစားပြီး လျှင်ငါမသေမီသင့်အားကောင်းချီးပေးမည်'' ဟုမှာကြားလေသည်။
Genesis 27:33ထိုအခါဣဇာက်သည်တစ်ကိုယ်လုံးဆတ်ဆတ် တုန်လျက်``အမဲကောင်ကိုရ၍ငါ့ထံသို့ဟင်း ယူခဲ့သူကားမည်သူနည်း။ သင်မရောက်မီငါ သည်ဟင်းကိုစားပြီးပြီ။ ထိုသူအားလည်း ကောင်းချီးပေးခဲ့ပြီ။ ငါကောင်းချီးပေးခဲ့ သည့်အတိုင်းသူခံစားရမည်'' ဟုဆိုလေ သည်။
Genesis 28:3အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
Genesis 34:16ထိုသို့ပြုလျှင်ကျွန်ုပ်တို့သမီးများကိုသင် တို့နှင့်ထိမ်းမြား၍ သင်တို့သမီးများကိုကျွန်ုပ် တို့ထိမ်းမြားမည်။ သင်တို့ထံတွင်နေထိုင်ကာ လူတစ်မျိုးတည်းဖြစ်ရန်သဘောတူပါမည်။-