ကမ္ဘာဦးကျမ်း 28:22
အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 14:20သင်၏ရန်သူများကိုအောင်စေသည့်အမြင့်ဆုံး သောထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုမြွက်ဆိုလေ၏။ အာဗြံကလည်းမိမိသိမ်းယူခဲ့သောပစ္စည်း အားလုံးမှဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ် မင်းအားပေးလှူလိုက်လေ၏။
Genesis 28:17သူသည်ကြောက်ရွံ့လျက်``ဤအရပ်သည်ကြောက်မက် ဖွယ်ကောင်းသောအရပ်ဖြစ်ပါသည်တကား။ ဘုရားသခင်ကျိန်းဝပ်တော်မူရာဗိမာန်ကောင်းကင်ဘုံ တံခါးဝပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။
Genesis 35:1ဘုရားသခင်ကယာကုပ်အား``ဗေသလအရပ် သို့ယခုသွား၍နေထိုင်လော့။ သင်၏အစ်ကို ဧသောရန်ကိုကြောက်၍ထွက်ပြေးနေရစဉ်က သင်ဖူးတွေ့ရသောငါဘုရားအတွက်ပူဇော် ရာယဇ်ပလ္လင်ကိုတည်လော့'' ဟုမိန့်တော်မူ ၏။
Genesis 35:14ယာကုပ်သည်ဘုရားသခင်ကသူ့အားမိန့်ကြား တော်မူသောအရပ်တွင်မှတ်တိုင်ကိုစိုက်ထူ၍ ၎င်းအပေါ်တွင်စပျစ်ရည်နှင့်ဆီလောင်းလျက် ဆက်ကပ်လေ၏။-
Genesis 47:26သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။
Leviticus 27:32မွေးမြူထားသောနွား၊ သိုး၊ ဆိတ်၊ တို့ကိုရေတွက် လော့။ ယင်းတို့အနက်ဆယ်ကောင်လျှင်တစ် ကောင်ကျထာဝရဘုရားနှင့်ဆိုင်၏။-