ကမ္ဘာဦးကျမ်း 29:14
လာဗန်က``သင်သည်ငါ၏သွေးရင်းသားရင်း ပင်ဖြစ်ပါသည်တကား'' ဟုဆိုလေ၏။ ယာကုပ် သည်လည်းဦးရီးအိမ်တွင်တစ်လကြာမျှနေ ထိုင်လေသည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 2:23လူကလည်း၊ ``ဤသူသည်ငါ့အရိုးမှအရိုး၊ငါ့အသားမှ အသားဖြစ်၏။ သူ့အားလူယောကျာ်းမှထုတ်ယူရသဖြင့် `လူမိန်းမ' ဟုမှည့်ခေါ်ရမည်'' ဟုဆို၏။
Genesis 29:12သူက``ငါသည်ရေဗက္က၏သား၊ သင့်ဖခင်၏ ဆွေမျိုးရင်းချာဖြစ်သည်'' ဟုရာခေလအား ပြောလေ၏။ ရာခေလသည်ပြေး၍ဖခင်အားထိုအကြောင်း ကိုပြောပြလေ၏။-
Genesis 37:27ငါတို့သည်သူ့အားအနာတရဖြစ်စေမည့် အစားဣရှမေလအမျိုးသားတို့ထံ၌သူ့ ကိုရောင်းလိုက်ကြပါစို့။ သူသည်ငါတို့၏ညီ၊ ငါတို့၏သွေးသားပင်ဖြစ်သည်မဟုတ်လော'' ဟုဆိုလေ၏။ သူ၏ညီအစ်ကိုတို့ကလည်း သဘောတူကြ၏။-
2 Samuel 5:1ထိုအခါဣသရေလအနွယ်အပေါင်းတို့သည် ဒါဝိဒ်ရှိရာဟေဗြုန်မြို့သို့လာရောက်၍ဒါဝိဒ် အား``အရှင်နှင့်အကျွန်ုပ်တို့သည်သွေးသား ချင်းဖြစ်ကြပါ၏။-
Micah 7:5သင်တို့၏အိမ်နီးနားချင်းကိုသော်လည်း ကောင်း၊ မိတ်ဆွေကိုသော်လည်းကောင်းမယုံ ကြနှင့်။ သင်၏ဇနီးကိုပင်သတိနှင့် စကားပြောလော့။-