ကမ္ဘာဦးကျမ်း 3:5
ထိုအသီးကိုစားလျှင်သင်တို့သည်ဘုရားသခင် ကဲ့သို့ အကောင်းနှင့်အဆိုးကိုခွဲခြားသိမြင်လာ နိုင်မည်။ ထို့ကြောင့်ဤကဲ့သို့ပညတ်ရခြင်းဖြစ် သည်'' ဟုပြန်ပြော၏။
Common Language Bible
In The King James Version
In Context
4ထိုအခါမြွေက``မဟုတ်နိုင်ပါ။ သင်တို့သေ မည်မဟုတ်။-
Cross References
Genesis 2:9ထိုဥယျာဉ်တွင်ရှုချင်ဖွယ်ကောင်း၍ စားဖွယ် ကောင်းသောအသီးပင်အမျိုးမျိုးကိုပေါက် စေတော်မူ၏။ ဥယျာဉ်အလယ်တွင်အသက် ရှင်စေသောအပင်ရှိ၏။ အကောင်းနှင့်အဆိုး ကိုပိုင်းခြားသိမြင်စေသောအပင်လည်းရှိ ၏။
Genesis 3:7ထိုသို့စားကြသည့်ခဏခြင်းတွင်သူတို့သည် အသိဉာဏ်ပွင့်လာ၍အဝတ်အချည်းစည်းရှိ သည့်အဖြစ်ကိုသိမြင်လာကြ၏။ ထို့ကြောင့် သူတို့သည် သဖန်းရွက်များကိုသီချုပ်၍ ကိုယ်ပေါ်တွင်ဝတ်ဆင်ထားကြ၏။
Genesis 3:22ထိုနောက်ထာဝရအရှင်ဘုရားသခင်က``လူ သည်ငါတို့ကဲ့သို့ဖြစ်လာ၍ အကောင်းနှင့်အ ဆိုးကိုသိမြင်လာလေပြီ။ အမြဲအသက် ရှင်စေသောအပင်မှအသီးကိုဆွတ်စား၍ အမြဲအသက်ရှင်ခွင့်မပြုရ'' ဟုမိန့်တော် မူ၏။-
Exodus 20:7``သင်၏ဘုရားသခင်ထာဝရဘုရား၏ နာမကိုအလွဲသုံးစားမပြုရ။ ထိုသို့ အလွဲသုံးစားပြုသူအားငါဒဏ်ခတ် မည်။
1 Kings 22:6သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
Psalms 12:4ဝါကြွားတတ်သူတို့က``ငါတို့သည်မိမိတို့၏ စကားအားဖြင့်လိုချင်သည့်အရာကိုရရှိ ကြ၏။ ငါတို့သည်မိမိတို့အလိုဆန္ဒအတိုင်းပြော ဆိုမည်။ အဘယ်သူမျှငါတို့အားဆီးတား၍ရလိမ့်မည် မဟုတ်'' ဟုဆိုကြ၏။