ကမ္ဘာဦးကျမ်း 31:40
ကျွန်ုပ်သည်နေ့အချိန်၌နေပူဒဏ်ကိုလည်း ကောင်း၊ ညအချိန်၌အအေးဒဏ်ကိုလည်းကောင်း အကြိမ်ကြိမ်ခံခဲ့ရပါသည်။ အအိပ်လည်း ပျက်ခဲ့ရပါသည်။-
Common Language Bible
In The King James Version
In Context
Cross References
Exodus 2:19သူတို့က``အီဂျစ်ပြည်သားတစ်ယောက်က ကျွန်မတို့အား သိုးထိန်းတို့ရန်မှကာကွယ် ပေးသည့်အပြင်ကျွန်မတို့၏သိုးဆိတ်များ အတွက်ရေခပ်၍တိုက်ပါသည်'' ဟုပြန်ဖြေ ကြ၏။
Psalms 78:70ကိုယ်တော်သည်မိမိ၏အစေခံဒါဝိဒ်ကို ရွေးချယ်တော်မူ၏။ သိုးများကိုထိန်းကျောင်းရာမှသူ့ကိုခေါ်ယူ တော်မူ၍ ဣသရေလအမျိုးသားတို့၏ဘုရင်၊ ဘုရားသခင်လူစုတော်ကိုစောင့်ထိန်းသော သိုးထိန်းအဖြစ်ခန့်ထားတော်မူ၏။
Hosea 12:12ငါတို့၏ဘိုးဘေးဖြစ်သောယာကုပ်သည် အာရံပြည်သို့ထွက်ပြေး၍ မယားရရန် လူတစ်ဦးထံ၌သိုးကျောင်းရ၏။-
John 21:15တပည့်တော်တို့စားကြပြီးနောက်သခင် ယေရှုက ``ယောဟန်၏သားရှိမုန်၊ သူတို့ ငါ့ကိုချစ်သည်ထက်ပို၍ချစ်သလော'' ဟုရှိမုန်ပေတရုအားမေးတော်မူ၏။ ရှိမုန်က ``မှန်ပါ၏သခင်၊ ကိုယ်တော်အား အကျွန်ုပ်ချစ်သည်ကိုကိုယ်တော်သိပါ၏'' ဟု လျှောက်၏။ ကိုယ်တော်က ``ငါ့သိုးတို့ကိုထိန်းလော့'' ဟု မိန့်တော်မူ၏။-
1 Peter 5:2သင်တို့သည်မိမိတို့၌အပ်ထားသောဘုရား သခင်၏သိုးစုကိုကြည့်ရှုစောင့်ထိန်းကြလော့။ တာဝန်ဝတ္တရားတစ်ရပ်အနေဖြင့်မဟုတ်ဘဲ ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်သည့် အနေဖြင့်ဝမ်းမြောက်စွာစောင့်ထိန်းကြလော့။ ငွေကြေးရရှိရန်အတွက်မဟုတ်ဟူ၍ စေတနာစိတ်နှင့်လုပ်ဆောင်ကြလော့။-