ကမ္ဘာဦးကျမ်း 31:54
သူသည်တိရစ္ဆာန်တစ်ကောင်ကိုသတ်၍တောင် ပေါ်တွင်ယဇ်ပူဇော်ပြီးလျှင်သူ၏သားချင်း တို့ကိုဖိတ်ခေါ်လျက်စားကြ၏။ ထိုသို့စား သောက်ကြပြီးနောက်သူတို့သည်တောင်ပေါ် တွင်ညအိပ်ကြ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 21:8ထိုသူငယ်သည်ကြီးထွားလာ၍နို့ခွဲသောနေ့၌ အာဗြဟံသည်ဧည့်ခံပွဲကြီးကျင်းပလေ၏။
Genesis 37:25ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
1 Samuel 9:12အမျိုးသမီးကလေးများကလည်း``ရှိပါ သည်။ အမှန်မှာသူသည်သင်တို့မလာမီ ကလေးကမှရောက်ရှိလာပါသည်။ သင်တို့ မြန်မြန်သွားလျှင်သူ့ကိုမီပါလိမ့်မည်။ သင် တို့မြို့ထဲကိုဝင်လျှင်ဝင်ချင်းသူ့အားတွေ့ ရှိပါလိမ့်မည်။ လူတို့သည်တောင်ကုန်းပေါ် ရှိယဇ်ပလ္လင်တွင်ပူဇော်သကာဆက်သကြ မည်ဖြစ်၍ ထိုသူသည်မြို့သို့ယနေ့ရောက် ရှိလာခြင်းဖြစ်ပါသည်။ သူမရောက်မချင်း ဖိတ်ခေါ်ထားသောသူတို့သည်စားသောက်ကြ လိမ့်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူသည်ယဇ်ကောင်ကိုဦးစွာကောင်းချီးပေး ရမည်ဖြစ်သောကြောင့်ဖြစ်ပါ၏။ ထိုကြောင့် သင်တို့သည်မြို့ထဲသို့ဝင်လျှင်ဝင်ချင်း ထိုသူတောင်ထိပ်သို့စားသောက်ရန်မတက် မီသူ့အားတွေ့ရကြပါလိမ့်မည်'' ဟုဆို၏။-