ကမ္ဘာဦးကျမ်း 32:22
ထိုညချင်းတွင်းယာကုပ်သည်ထ၍မယားနှစ် ယောက်၊ မယားငယ်နှစ်ယောက်၊ သားသမီးတစ် ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်လျက်ယဗ္ဗုတ် မြစ်ကိုဖြတ်ကူးစေ၏။-
Common Language Bible
In The King James Version
In Context
21သူသည်လက်ဆောင်များကိုကြိုတင်ပို့ပြီး နောက်ထိုညတွင်စခန်း၌အိပ်လေ၏။
23သားမယားတို့နှင့်အတူပိုင်သမျှဥစ္စာပစ္စည်း တို့ကိုတစ်ဖက်ကမ်းသို့ပို့လေ၏။-
Cross References
Genesis 29:21ယာကုပ်က``အချိန်စေ့ပါပြီ။ ဦးရီး၏သမီး နှင့်လက်ထပ်ခွင့်ပေးပါ'' ဟုလာဗန်အားပြော လေ၏။-
Genesis 35:22ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
Deuteronomy 3:16ရုဗင်နှင့်ဂဒ်အနွယ်ဝင်တို့အား ဂိလဒ်မြို့မှ အာနုန်မြစ်အထိနယ်မြေကိုငါခွဲဝေပေး ၏။ ထိုမြစ်လယ်တစ်လျှောက်သည်သူတို့၏ တောင်ဘက်နယ်နိမိတ်ဖြစ်၍ အမ္မုန်ပြည်နယ် စပ်တစ်စိတ်တစ်ဒေသဖြစ်သောယဗ္ဗုတ်မြစ် သည်သူတို့၏မြောက်ဘက်နယ်နိမိတ်ဖြစ် သည်။-
1 Timothy 5:8မိမိ၏ဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိ အိမ်ထောင်စုသားတို့အားမပြုစုဘဲနေသော သူသည် ယုံကြည်ခြင်းတရားတော်ကိုပစ်ပယ် သူဖြစ်၍ မယုံကြည်သူထက်ပို၍ပင်ဆိုးရွား ပေသည်။