ကမ္ဘာဦးကျမ်း 32:4
ထိုစေတမန်တို့အား``ကိုယ်တော်၏အစေခံ ယာကုပ်က`ကျွန်ုပ်သည်လာဗန်နှင့်အတူနေ ထိုင်ပြီးယခုမှပြန်ခဲ့ရပါသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 4:7သင်သည်မှန်ကန်စွာပြုခဲ့လျှင်မျက်နှာပြုံးရွှင် နိုင်ရမည်။ သို့ရာတွင်သင်သည်မကောင်းမှုကိုပြုခဲ့သဖြင့် အပြစ်တရားသည်သားရဲတိရစ္ဆာန်ကဲ့သို့ သင့် တံခါးအနီးတွင်ချောင်းမြောင်းလျက်ရှိ၏။ အပြစ်ကသင့်ကိုအုပ်စိုးလိုသော်လည်း သင် ကအပြစ်ကိုနိုင်ရမည်'' ဟုကာဣနအားမိန့် တော်မူ၏။
Genesis 25:30ယာကုပ်အား``ငါအလွန်ဆာလောင်၏။ ထိုပဲ ဟင်းအနီကိုငါစားပါရစေ'' ဟုတောင်း လေသည်။ (ထို့ကြောင့်သူ့အားဧဒုံနာမည် ဖြင့်ခေါ်တွင်ကြ၏။)
Genesis 27:37ဣဇာက်က``ငါသည်သူ့အားသင်၏အရှင်သခင် ဖြစ်စေပြီ။ ဆွေမျိုးသားချင်းအပေါင်းတို့ကို လည်းသူ၏အစေကိုခံစေပြီ။ သူ့အားကောက်ပဲ သီးနှံနှင့်စပျစ်ရည်တို့ဖြင့်ကြွယ်ဝပြည့်စုံစေ ပြီ။ သို့ဖြစ်လျှင်ငါ့သားသင့်အတွက်မည်သို့ ဆောင်ရွက်ပေးနိုင်ပါသနည်း'' ဟုပြန်ဖြေလေ ၏။
Genesis 32:18`ကိုယ်တော်၏အစေခံယာကုပ်ပိုင်ပါသည်။ သခင်ဧသောအားဆက်သလိုက်သောလက် ဆောင်များဖြစ်ပါသည်။ ယာကုပ်ကိုယ်တိုင် အကျွန်ုပ်တို့နောက်မှလိုက်ပါလာပါသည်' ဟူ၍ညွှန်ကြားလေသည်။-
Genesis 33:14ကိုယ်တော်သွားနှင့်ပါ။ ကျွန်တော်တိရစ္ဆာန်များ၊ ကလေးများနှင့်ခရီးတွင်နိုင်သမျှဖြင့်အစ် ကိုရှိရာဧဒုံပြည်သို့ရောက်အောင်တဖြည်း ဖြည်းလိုက်ခဲ့ပါမည်'' ဟုဆို၏။
Genesis 36:9ဧဒုံတောင်တန်းဒေသတွင်နေထိုင်သော ဧဒုံ အမျိုးသားတို့၏ဖခင်ဧသော၏ အဆက် အနွယ်တို့ကိုဖော်ပြပေအံ့။-