ကမ္ဘာဦးကျမ်း 32:7
ထိုအခါယာကုပ်သည်အလွန်ကြောက်ရွံ့၍ စိတ်ပူပန်သဖြင့် သူနှင့်အတူရှိသောသူတို့ ကိုလည်းကောင်း၊ သိုး၊ ဆိတ်၊ နွားနှင့်ကုလားအုတ် တို့ကိုလည်းကောင်းနှစ်စုခွဲ၍ထားလိုက်၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 33:1ဧသောသည်လူလေးရာပါလျက်လာနေသည် ကိုယာကုပ်မြင်လျှင်သားသမီးတို့ကိုလေအာ၊ ရာခေလနှင့်မယားငယ်နှစ်ဦးတို့ထံခွဲ၍ အပ်နှံထားလေ၏။-
Exodus 14:10အီဂျစ်ဘုရင်၏စစ်တပ်ချီတက်လာသည်ကို ဣသရေလအမျိုးသားတို့မြင်ရသောအခါ အလွန်ကြောက်ရွံ့၍ထာဝရဘုရားအား ကယ်မတော်မူရန်အော်ဟစ်တောင်းပန်ကြ၏။-
Psalms 31:13ရန်သူအများသည်တီးတိုးပြောဆိုနေသံကို ကျွန်တော်မျိုးကြားပါ၏။ ကျွန်တော်မျိုး၏ပတ်လည်တွင် ကြောက်မက်ဖွယ်ရာများနှင့်ပြည့်နှက်နေပါ၏။ ရန်သူတို့သည်ကျွန်တော်မျိုးအားသတ်ရန် ကြံစည်နေကြပါ၏။
Psalms 61:2ကျွန်တော်မျိုးသည်အိမ်နှင့်ဝေးကွာလျက် စိတ်ပျက်အားလျော့လျက်နေသဖြင့် ကိုယ်တော်ရှင်အားဟစ်ခေါ်ပါ၏။ ကျွန်တော်မျိုးအားဘေးမဲ့လုံခြုံရာသို့ ပို့ဆောင်တော်မူပါ။
Psalms 112:5ရက်ရောစွာချေးငှားတတ်သောမိမိအလုပ် တွင် ရိုးသားစွာပြုမူတတ်သောသူသည်မင်္ဂလာ ရှိ၏။
Proverbs 2:11သမ္မာသတိသည် သင့်ကို ထိန်းသိမ်း၍၊ ဥာဏ်သည်လည်း စောင့်ရှောက်သဖြင့်၊