ကမ္ဘာဦးကျမ်း 33:19
သူသည်ထိုမြေကွက်ကိုရှေခင်၏အဖ ဟာမော်၏သားချင်းတို့ထံမှငွေသား တစ်ရာပေး၍ဝယ်ယူလေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 23:13အများကြားနိုင်အောင်ဧဖရုန်အား``ငါတင်ပြချက်ကိုလက်ခံပါ။ ထိုမြေတစ်ကွက်လုံးကိုငါဝယ်ပါမည်။ မြေဖိုးငွေကိုလက်ခံပါ။ ငါ၏မယားကိုထိုမြေ၌မြှုပ်နှံပါမည်'' ဟုပြန်လည်ပြောကြားလေသည်။
Genesis 23:17ထိုသို့အားဖြင့်မံရေမြို့အရှေ့၊ မပ္ပေလအရပ်တွင်ရှိသောဧဖရုန်ပိုင်မြေကွက်သည်အာဗြဟံပိုင်မြေဖြစ်လာသည်။ သူပိုင်သောမြေကွက်တွင်ဂူနှင့် မြေကွက်ပေါ်တွင်ပေါက်သမျှသောသစ်ပင်များ၊ မြေကွက်အစွန်းတိုင်အောင်ပေါက်သမျှသောသစ်ပင်များပါဝင်လေသည်။-
Judges 9:28ဂါလက``ငါတို့ရှေခင်မြို့သားများကား အဘယ်သို့သောသူများပေနည်း။ အဘိ မလက်၏အစေကိုအဘယ်ကြောင့်ငါတို့ ခံနေကြပါသနည်း။ သူကားအဘယ်သူ နည်း။ သူသည်ဂိဒေါင်၏သားမဟုတ်လော။ ဇေဗုလသည်သူ၏အမိန့်ကိုနာခံရသော် လည်း ငါတို့ကားအဘယ်ကြောင့်သူ၏အစေ ကိုခံပါမည်နည်း။ သင်တို့သားချင်းစုကို စတင်တည်ထောင်ပေးခဲ့သူဟာမော်အား သစ္စာစောင့်ကြလော့။-
Acts 7:16သူတို့၏အလောင်းများကိုရှေခင်မြို့သို့ပို့ ဆောင်ပြီးလျှင် အာဗြဟံဝယ်ယူထားခဲ့သည့် သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ ထိုသင်္ချိုင်းကားဟာ မော်၏သားများထံမှအာဗြဟံအဖိုးငွေ ပေး၍ဝယ်ယူထားသောသင်္ချိုင်းဖြစ်သတည်း။''