ကမ္ဘာဦးကျမ်း 34:27
ယာကုပ်၏အခြားသောသားတို့ကလည်းသူ တို့၏နှမအသရေဖျက်ခံရခြင်းကိုလက်စား ချေရန် မိမိတို့သတ်ခဲ့သောသူတို့ထံသွား၍မြို့ ကိုလုယက်ဖျက်ဆီးကြလေသည်။-
Common Language Bible
In The King James Version
The sons of Jacob came upon the slain, and spoiled the city, because they had defiled their sister.
In Context
Cross References
Genesis 34:2ထိုဒေသကိုအစိုးရသောဟိဝိအမျိုးသား ဟာမော်မင်း၏သားရှေခင်သည် ဒိနကိုမြင် လျှင်အဋ္ဌမ္မသိမ်းပိုက်၍မတရားပြုကျင့် လေ၏။-
Exodus 2:14ထိုသူက``ငါတို့အမှုကိုစီရင်ရန်မည်သူ က သင့်အားတရားသူကြီးအဖြစ်ခန့်ထား သနည်း။ သင်သည်အီဂျစ်အမျိုးသားကို သတ်သကဲ့သို့ ငါ့ကိုသတ်ချင်သေးသလော'' ဟုပြန်ပြောလေ၏။ ထိုအခါမောရှေသည်မိမိ ပြုလုပ်ခဲ့သောအမှုကိုလူတို့သိကုန်ကြ ပြီဟူ၍ဆိုလျက်ထိတ်လန့်လေ၏။-
Joshua 7:13ထလော့၊ လူတို့ကိုသန့်စင်ခြင်းဝတ်ပြုစေ ပြီးလျှင် နက်ဖြန်နေ့၌ငါ၏ရှေ့တော်သို့ ဝင်ရန်အသင့်ရှိကြစေ။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရ ဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြား လော့။ `ဣသရေလအမျိုးသားအပေါင်း တို့၊ ဖျက်ဆီးပစ်ရမည်ဟုငါပညတ်ထား သောပစ္စည်းအချို့သင်တို့တွင်ရှိ၏။ ထိုပစ္စည်း များကိုသင်တို့မဖျက်ဆီးသမျှကာလ ပတ်လုံးသင်တို့သည်ရန်သူများကိုမခံ မရပ်နိုင်။-
1 Timothy 6:10အဘယ်ကြောင့်ဆိုသော်ငွေကိုစွဲလမ်းတပ် မက်ခြင်းသည်မကောင်းမှုအမျိုးမျိုးတို့၏ မူလအခြေအမြစ်ဖြစ်သောကြောင့်တည်း။ အချို့သောသူတို့သည်ငွေကိုခုံမင်လှ သဖြင့် ယုံကြည်ခြင်းတရားလမ်းမှလွဲ သွား၍ ပူဆွေးလျက်ဝမ်းနည်းပက်လက် ဖြစ်ရကြ၏။