ကမ္ဘာဦးကျမ်း 37:14
သူ၏ဖခင်က``အစ်ကိုများနှင့်သိုးဆိတ်များ ဘေးကင်းလုံခြုံစွာရှိသည်မရှိသည်ကို သင် သွား၍စုံစမ်းပြီးလျှင်ငါ့အားပြန်ပြောပါ လော့'' ဟုစေခိုင်းလေ၏။ ထိုနောက်ယောသပ် သည်ဖခင်လမ်းညွှန်သည့်အတိုင်း ဟေဗြုန် ချိုင့်ဝှမ်းလမ်းမှသွား၍ရှေခင်မြို့သို့ရောက် ရှိလာ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 23:2ခါနာန်ပြည်ဟေဗြုန်မြို့၌ကွယ်လွန်ရာအာဗြဟံသည် သူ့အတွက်ငိုကြွေးမြည်တမ်းလေသည်။
Genesis 35:27ယာကုပ်သည်အာဗြဟံနှင့်ဣဇာက်တို့နေထိုင် ခဲ့သောဟေဗြုန်မြို့အနီးမံရေအရပ်ရှိသူ ၏ဖခင်ဣဇာက်ထံသို့ရောက်ရှိလာလေ၏။-
Genesis 43:27ယောသပ်သည်သူတို့အားနှုတ်ခွန်းဆက်ပြီး နောက်``သင်တို့ပြောသောသင်တို့၏ဖခင်အို သည်ကျန်းမာပါ၏လော။ သူအသက်ရှင်လျက် ရှိပါသေးသလော'' ဟုမေးမြန်းလေ၏။
Joshua 14:13ထိုအခါယောရှုသည်ယေဖုန္နာ၏သား ကာလက်အား ကောင်းချီးပေး၍ဟေဗြုန် မြို့ကိုဝေစုအဖြစ်ခွဲဝေပေးလေ၏။-
1 Samuel 17:17တစ်နေ့သ၌ယေရှဲသည်ဒါဝိဒ်အား``ဤပေါက် ပေါက်တစ်တင်းနှင့်မုန့်ဆယ်လုံးကိုယူ၍သင် ၏အစ်ကိုများရှိရာတပ်စခန်းသို့အမြန် သွားလော့။-
1 Samuel 17:22ဒါဝိဒ်သည်မိမိယူဆောင်လာသည့်အစားအစာ များကို ရိက္ခာတာဝန်ခံထံတွင်အပ်ထား၍စစ် မြေပြင်သို့ပြေးသွား၏။ ထိုနောက်မိမိ၏ အစ်ကိုများထံသွားရောက်နှုတ်ဆက်၏။-