ကမ္ဘာဦးကျမ်း 37:2
ယာကုပ်မိသားစု၏အတ္ထုပ္ပတ္တိကိုဖော်ပြပေအံ့။ ယောသပ်သည်အသက်တစ်ဆယ့်ခုနစ်နှစ်သို့ ရောက်သော် ဖခင်၏မယားငယ်များဖြစ်သော ဗိလဟာနှင့်ဇိလပတို့၏သားများနှင့် အတူသိုးဆိတ်များကိုထိန်းကျောင်းရ၏။ သူ သည်အစ်ကိုတို့အကြောင်းကိုဖခင်အား တိုင်ကြားတတ်၏။
Common Language Bible
In The King James Version
In Context
1ယာကုပ်သည်သူ၏ဖခင်နေထိုင်ရာ ခါနာန် ပြည်တွင် ဆက်လက်နေထိုင်လေ၏။-
Cross References
Genesis 2:4ဤနည်းအားဖြင့်စကြဝဠာကိုဖန်ဆင်း တော်မူ၏။ ထာဝရအရှင် ဘုရားသခင်သည်စကြဝဠာကို ဖန်ဆင်း တော်မူသောအခါ၊-
Genesis 6:9နောဧအကြောင်းအရာကိုဖော်ပြပေအံ့။ နောဧတွင်ရှေမ၊ ဟာမနှင့်ယာဖက်ဟူ၍သား သုံးယောက်ရှိ၏။ သူသည်အပြစ်ကင်း၍ထိုခေတ် လူအပေါင်းတို့တွင် သူတစ်ယောက်တည်းသာ လျှင်သူတော်ကောင်းဖြစ်၏။ သူသည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့၍သက်ရှင်နေ ထိုင်၏။-
Genesis 30:4သူသည်ဗိလဟာကိုယာကုပ်အားပေးအပ်၍ ယာကုပ်သည်ဗိလဟာနှင့်အိပ်သဖြင့်၊-
Genesis 35:22ယာကုပ်သည်ထိုအရပ်တွင်နေထိုင်စဉ်ရုဗင် သည် ဖခင်၏မယားငယ်ဗိလဟာနှင့်ဖောက် ပြန်မှားယွင်းလေ၏။ ယာကုပ်သည်ထိုအကြောင်း ကိုကြားသိလေသည်။ ယာကုပ်တွင်သားတစ်ဆယ့်နှစ်ယောက်ရှိ၏။-
Genesis 42:8ယောသပ်ကသူ၏အစ်ကိုတို့ဖြစ်မှန်းသိ သော်လည်း သူတို့ကယောသပ်ကိုမသိကြ။-
John 7:7ကမ္ဘာသူကမ္ဘာသားတို့သည်သင်တို့ကိုမမုန်းနိုင်။ ငါ့ကိုမူကားမုန်းကြ၏။ ယင်းသို့မုန်းကြခြင်း မှာငါသည်သူတို့၏ဆိုးညစ်သောအကျင့် များကိုထုတ်ဖော်ပြောဆိုသောကြောင့်ဖြစ်၏။-