ကမ္ဘာဦးကျမ်း 37:25
ထိုနောက်သူတို့သည်ထိုင်၍အစာစားနေစဉ် ဂိလဒ်ပြည်မှ အီဂျစ်ပြည်သို့သွားမည့်ဣရှ မေလအမျိုးသားတစ်စုကိုမြင်ရကြ၏။ သူတို့၏ကုလားအုတ်များပေါ်တွင်နံ့သာမျိုး၊ ဗာလစံစေးနှင့်မုရန်စေးများကိုတင်ဆောင် လာကြ၏။-
Common Language Bible
In The King James Version
In Context
24ထိုနောက်သူ့အားချုပ်ကိုင်၍ရေခန်းခြောက် သောတွင်းထဲသို့ချလိုက်ကြ၏။
Cross References
Genesis 16:11သင်သည်သားကိုဖွားမြင်လိမ့်မည်။ ထာဝရ ဘုရားသည်သင်၏ညည်းတွားသံကိုကြား တော်မူပြီ။ ထိုသားကိုဣရှမေလအမည် ဖြင့်မှည့်ခေါ်ရမည်။-
Genesis 25:16ဣရှမေလ၏သားတို့သည်အနွယ်တစ်ဆယ့် နှစ်မျိုးတို့၏ဖခင်များဖြစ်ကြ၍ သူတို့နေ ထိုင်ရာကျေးရွာနှင့်စခန်းချရာအရပ်များ ကိုသူတို့၏နာမည်များဖြင့်ခေါ်တွင်ကြလေ သည်။-
Genesis 31:23ထိုအခါသူသည်မိမိ၏သားချင်းတို့ကို ခေါ်၍ ယာကုပ်နောက်သို့ခုနစ်ရက်ကြာမျှ လိုက်ခဲ့ရာဂိလဒ်တောင်ဒေသသို့အရောက် တွင်မီလေ၏။-
Genesis 37:36ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
Genesis 43:11ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
Psalms 14:4ထာဝရဘုရားက ``ထိုသူတို့သည်မသိနားမလည်သူများပေလော။ ဤသူယုတ်မာများသည်အသိပညာကင်းမဲ့ သူများပေလော။ သူတို့သည်ငါ၏လူစုတော်ထံမှလုယူ တိုက်ခိုက်၍ အသက်မွေးကြကုန်သည်။ ငါ၏ထံသို့လည်းဆုတောင်းပတ္ထနာမပြု ကြ'' ဟုမိန့်တော်မူ၏။