ကမ္ဘာဦးကျမ်း 37:5
တစ်ခါကယောသပ်သည် အိပ်မက်မြင်မက်သ ဖြင့်အစ်ကိုတို့အားထိုအိပ်မက်အကြောင်း ကိုပြောပြသောအခါ သူတို့သည်ပို၍ပင် ရွံမုန်းကြ၏။-
Common Language Bible
In The King James Version
And Joseph dreamed a dream, and he told it his brethren: and they hated him yet the more.
In Context
6ယောသပ်ကသူတို့အား``ကျွန်တော်မြင်မက် သောအိပ်မက်ကိုနားထောင်ကြပါ။-
Cross References
Genesis 28:12ထိုသို့အိပ်နေစဉ်အိပ်မက်ထဲ၌မြေပြင်မှမိုး ကောင်းကင်သို့တိုင်အောင်ထောင်လျက်ရှိသော လှေကားပေါ်တွင် ကောင်းကင်တမန်များတက် လျက်ဆင်းလျက်ရှိသည်ကိုမြင်ရ၏။-
Genesis 37:8အစ်ကိုတို့က``သင်ကငါတို့အပေါ်မှာမင်း ပြုလိုသလော။ ငါတို့ကိုအုပ်စိုးမည်လော''ဟု မေးလေ၏။ ထိုသို့ယောသပ်သည်သူ၏အိပ်မက် အကြောင်းကိုဖော်ပြမိသဖြင့် သူတို့ကသူ့ ကိုပို၍ရွံမုန်းကြ၏။
Genesis 41:1ထိုနောက်နှစ်နှစ်မျှကြာသောအခါ အီဂျစ်ဘုရင် သည်အိပ်မက်မြင်မက်လေ၏။ အိပ်မက်ထဲတွင် ဘုရင်သည်နိုင်းမြစ်နား၌ရပ်နေစဉ်၊-
Genesis 49:23သူ၏ရန်သူတို့သည်သူ့အားလေးမြား လက်နက်တို့ဖြင့် ပြင်းထန်စွာလိုက်လံတိုက်ခိုက်ကြ၏။
Judges 7:13ဂိဒေါင်ရောက်ရှိလာချိန်၌လူတစ်ယောက် သည် မိမိမြင်မက်သည့်အိပ်မက်အကြောင်း ကိုမိတ်ဆွေတစ်ဦးအားပြောပြလျက်နေ၏။ ထိုသူက``မုယောမုန့်ပြားတစ်ချပ်သည်ငါ တို့တပ်စခန်းထဲသို့လိမ့်ဝင်လာပြီးလျှင် တဲရှင်တစ်ခုနှင့်တိုက်မိသဖြင့်ထိုတဲရှင် သည်ပြိုလဲပြားချပ်၍သွားသည်ကိုငါ အိပ်မက်မြင်မက်ပါသည်'' ဟုဆိုလေသည်။
Psalms 25:14ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့နှင့်မိတ်သဟာယဖွဲ့တော် မူ၏။ သူတို့အတွက်ကိုယ်တော်၏ပဋိညာဉ်တရား တော်ကို တည်မြဲစေတော်မူ၏။