ကမ္ဘာဦးကျမ်း 38:14
ထိုအခါသူသည်မုဆိုးမအဝတ်တို့ကိုချွတ်၍ မျက်နှာကိုပုဝါဖြင့်ဖုံးလျက် တိမနတ်သို့သွား ရာလမ်းတွင်တည်ရှိသောဧနိမ်မြို့အဝင်ဝ၌ ထိုင်နေလေ၏။ သူသည်ယုဒ၏အငယ်ဆုံးသား ရှေလအရွယ်ရောက်ပြီဖြစ်သော်လည်းသူနှင့် ထိမ်းမြားပေးခြင်းမပြုဘဲထားသောကြောင့် ဤသို့ပြုမူရခြင်းဖြစ်သည်။
Common Language Bible
In The King James Version
In Context
Cross References
Genesis 38:11ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
Genesis 38:26ထိုပစ္စည်းများသည်သူ၏ပစ္စည်းဖြစ်မှန်းယုဒ သိသဖြင့်ယုဒက``ငါသည်သူ့အားငါ့သား ရှေလနှင့်ထိမ်းမြားပေးရန်ဝတ္တရားပျက်ကွက် သောကြောင့်ထိုသို့သူပြုမူပုံမှာနည်းလမ်း ကျပေသည်'' ဟုဆိုလေ၏။ ယုဒသည်နောက် တစ်ဖန်သူနှင့်မအိပ်တော့ချေ။
Jeremiah 3:2တောင်ထိပ်တို့ကိုမျှော်၍ကြည့်ကြလော့။ ပြည့် တန်ဆာကဲ့သို့ သင်မပြုမကျင့်ဘဲနေခဲ့သည့် အရပ်တစ်စုံတစ်ခုရှိသလော။ အာရပ်အမျိုး သားသည်တောကန္တာရတွင်လုယက်တိုက်ခိုက် ရန်စောင့်မျှော်နေသကဲ့သို့၊ သင်သည်လမ်းနံ ဘေးတို့တွင်ချစ်သူများကိုစောင့်မျှော်နေခဲ့ ၏။ သင်သည်မိမိတို့၏ဆိုးညစ်မှုနှင့်ပြည့် တန်ဆာအလုပ်ဖြင့်ဤပြည်ကိုညစ်ညမ်း စေလေပြီ။-