ကမ္ဘာဦးကျမ်း 38:25
တာမာကိုအပြင်သို့ထုတ်ဆောင်လာကြသော အခါတာမာက``ကျွန်ုပ်သည်ဤပစ္စည်းများကို ပိုင်ဆိုင်သူနှင့်ကိုယ်ဝန်ရှိပါသည်။ ဤတံဆိပ် နှင့်စလွယ်ကြိုး၊ ဤတောင်ဝှေးတို့မှာမည်သူ့ ပစ္စည်းဖြစ်သည်ကိုကြည့်ပါ'' ဟူ၍ယောက္ခမ ထံသို့အကြောင်းကြားလိုက်လေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 38:18သူက``မည်သည့်အာမခံကိုပေးရမည်နည်း'' ဟု မေး၏။ မိန်းမက``သင်၏တံဆိပ်ပါသောစလွယ်ကြိုးနှင့် လက်စွဲတောင်ဝှေးတို့ကိုအာမခံအဖြစ်ပေးပါ'' ဟုတောင်းလေ၏။ သူသည်ထိုပစ္စည်းများကိုထို မိန်းမအားပေး၍အတူတူအိပ်သဖြင့်ပဋိ သန္ဓေစွဲလေ၏။-
Jeremiah 2:26အဖမ်းခံရချိန်၌ သူခိုးသည်အရှက်ကွဲရ သကဲ့သို့ သင်၏ဘုရင်များ၊ မင်းညီမင်းသား များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ သင် တို့ဣသရေလပြည်သားအပေါင်းတို့သည် အရှက်ကွဲရကြလိမ့်မည်။-
1 Corinthians 4:5သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။