ကမ္ဘာဦးကျမ်း 38:5
နောက်တစ်ဖန်သားတစ်ယောက်ဖွားမြင်၍ရှေလ ဟုနာမည်မှည့်လေသည်။ ရှေလကိုဖွားမြင်သော အခါယုဒသည်ခေဇိပ်မြို့တွင်နေထိုင်လျက် ရှိ၏။
Common Language Bible
In The King James Version
In Context
4တစ်ဖန်သားတစ်ယောက်ဖွားလျှင်သြနန်ဟု နာမည်မှည့်လေသည်။-
6ယုဒသည်သူ၏သားဦးဧရကိုတာမာနာမည် ရှိသောအမျိုးသမီးနှင့်ထိမ်းမြားပေးလေ၏။-
Cross References
Genesis 38:11ထိုအခါယုဒသည်သူ၏ချွေးမတာမာ အား``ငါ့သားရှေလအရွယ်ရောက်သည်အထိ သင်သည်အဖအိမ်သို့ပြန်၍မုဆိုးမဘဝ နှင့်နေလော့'' ဟုဆိုလေ၏။ ထိုသို့ဆိုရခြင်းမှာ သားရှေလသည် သူ၏အစ်ကိုတို့ကဲ့သို့သေ မည်ကိုစိုးရိမ်သောကြောင့်ဖြစ်သည်။ သို့ဖြစ်၍ တာမာသည်သူ၏ဖခင်အိမ်သို့ပြန်၍နေထိုင် လေသည်။
Genesis 46:12ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
Numbers 26:20ရှေလ၏သားချင်းစု၊ ဖာရဇ်၏သားချင်းစု၊ ဇေရ၏သားချင်းစု၊-
1 Chronicles 4:21ရှေလသည်ယုဒ၏သားတစ်ယောက်ဖြစ်၏။ သူ၏သားမြေးများတွင်လေကမြို့ကိုတည် ထောင်သူ ဧရနှင့်မရေရှမြို့ကိုတည်ထောင် သူလာဒသည်လည်းကောင်း၊ ဗေသရှေဘ မြို့တွင်နေထိုင်ကြသော ပိတ်ချောထည်ယက် သည့်သားချင်းစုသည်လည်းကောင်း၊-