ကမ္ဘာဦးကျမ်း 40:14
သင်ပြန်၍ကောင်းစားလာသောအခါကျွန်တော် ကိုမမေ့ပါနှင့်။ ဘုရင့်ထံကျွန်တော်အတွက် သံတော်ဦးတင်၍ဤထောင်ထဲမှလွတ်မြောက် ရန်ကူညီပေးပါ။-
Common Language Bible
In The King James Version
In Context
Cross References
Joshua 2:12ကျွန်မသည်သင်တို့ကိုကျေးဇူးပြုသကဲ့ သို့ကျွန်မ၏မိသားစုကိုလည်း ကျေးဇူးပြု ပါမည်ဟုထာဝရဘုရားကိုတိုင်တည်၍ ကျိန်ဆိုကြပါလော့။ ကျွန်မသည်သင်တို့ ကိုယုံကြည်စိတ်ချနိုင်ကြောင်းသက်သေအထောက်အထားတစ်ခုခုကိုပေးပါလော့။-
1 Samuel 20:15သင်၏ရန်သူအပေါင်းကိုထာဝရဘုရား သုတ်သင်ပယ်ရှင်းတော်မူသောအခါ၌ လည်း ကျွန်ုပ်၏အိမ်ထောင်စုသားတို့အပေါ် တွင်အစဉ်အမြဲသစ္စာစောင့်ပါလော့။-
2 Samuel 9:1ဒါဝိဒ်က``ရှောလု၏မိသားစုထဲမှကျန်ကြွင်း သူတစ်စုံတစ်ယောက်ရှိပါသေးသလော။ ရှိခဲ့ လျှင်ငါသည်ယောနသန်၏မျက်နှာကိုထောက် သောအားဖြင့်သူ့အားကျေးဇူးပြုလိုသည်'' ဟုမိန့်တော်မူ၏။
Luke 23:42ထိုနောက်သခင်ယေရှုအား ``အရှင်အုပ်စိုးရန် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိ ရတော်မူပါ'' ဟုလျှောက်၏။-