ကမ္ဘာဦးကျမ်း 41:42
ဖာရောဘုရင်သည်မိမိ၏တံဆိပ်တော်ပါ ရှိသောလက်စွပ်ကိုချွတ်ပြီးလျှင် ယောသပ် ၏လက်တွင်ဝတ်ဆင်ပေးတော်မူ၏။ ယောသပ် အားပိတ်ချောဝတ်ရုံကိုလည်းဝတ်စေ၍ လည်ပင်းတွင်ရွှေစလွယ်ကိုဆွဲပေးတော် မူ၏။-
Common Language Bible
In The King James Version
In Context
Cross References
Esther 3:10ထိုအခါမင်းကြီးသည်မိမိ၏အမိန့်ကြေ ငြာချက်များကိုတရားဝင်ဖြစ်စေရန် တံဆိပ် ခတ်နှိပ်ရသည့်လက်စွပ်တော်ကိုချွတ်၍ယုဒ အမျိုးသားတို့၏ရန်သူ၊ အာဂတ်မှဆင်း သက်သူ၊ ဟမ္မေဒါသ၏သားဟာမန်အား ပေးအပ်လျက်၊-
Esther 6:7မင်းကြီးက``ဘုရင်မင်းကြီးဆင်ယင်တော် မူသောမင်းမြောက်တန်ဆာ၊ စီးတော်မူသော မြင်းတော်၊ ဆောင်းတော်မူသောရာဇသရဖူ ကိုယူခဲ့စေတော်မူပါ။-
Esther 8:8သို့ရာတွင်ဘုရင့်အမည်ဖြင့်ရေး၍လက်စွပ် တော်တံဆိပ်ခတ်နှိပ်ထားသည့်အမိန့်တော် စာကိုမူမဖျက်မပယ်နိုင်။ သို့သော်လည်း သင်တို့အလိုရှိသည့်အတိုင်းယုဒအမျိုး သားများထံသို့ငါ၏နာမည်ဖြင့်စာရေး ၍ဘုရင့်လက်စွပ်တော်တံဆိပ်ကိုခတ်နှိပ် လော့'' ဟုမိန့်တော်မူ၏။
Esther 8:15မော်ဒကဲသည်မင်းမြောက်တန်ဆာတည်းဟူ သောဝတ်လဲအဖြူနှင့်အပြာကိုလည်းကောင်း၊ ခရမ်းရောင်ပိတ်ချောဝတ်လုံကိုလည်းကောင်း ဝတ်ဆင်ကာခန့်ညားသည်ရွှေသရဖူကို ဆောင်း၍ နန်းတော်မှထွက်ခွာသွားလေသည်။ ထိုအခါရှုရှန်မြို့တစ်မြို့လုံးသည်သြဘာ သံများ၊ ရွှင်လန်းဝမ်းမြောက်စွာကြွေးကြော် သံများနှင့်ဆူညံသွား၏။-
Proverbs 1:9ထိုနည်းဥပဒေသတရားတို့သည် သင်၏ခေါင်း၌ တင့်တယ်သော ဦးရစ်၊ သင်၏လည်ပင်း၌ ပတ်ရစ်သော လည်ဆွဲဖြစ်ကြလိမ့်မည်။
Proverbs 31:24ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ် ၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။