ကမ္ဘာဦးကျမ်း 42:25
ယောသပ်ကသူ၏အစ်ကိုတို့၏အိတ်များတွင် စပါးအပြည့်ထည့်ပေး၍ တစ်ယောက်စီထံမှရ သောစပါးဖိုးငွေကိုအသီးသီးတို့၏အိတ်၌ ပြန်ထည့်ပေးရန်နှင့် လမ်းခရီး၌စားရန်ရိက္ခာ ကိုလည်းထည့်ပေးရန်အမိန့်ပေးသည့်အတိုင်း တာဝန်ခံကပြု၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 43:12သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။-
Genesis 44:2အငယ်ဆုံးသောသူ၏အိတ်ဝတွင်ငါ၏ဖလားနှင့် သူ၏စပါးဖိုးငွေကိုထည့်ပေးလော့'' ဟုအမိန့် ပေး၏။ အိမ်တော်ဝန်သည်ယောသပ်မိန့်မှာသည့် အတိုင်းဆောင်ရွက်လေ၏။-
Isaiah 55:1ရေငတ်သူအပေါင်းတို့၊လာကြလော့။ ဤအရပ်တွင်ရေရှိ၏။ ကြေးငွေမရှိသူတို့လာ၍ဂျုံစပါးကို ဝယ်ယူစားသုံးကြလော့။ နို့နှင့်ပျားရည်ကိုဝယ်ယူကြလော့။ အဖိုးငွေတစ်ပြားတစ်ချပ်မျှသင်တို့ ကုန်ကျရလိမ့်မည်မဟုတ်။
Matthew 6:33ဘုရားသခင်၏နိုင်ငံတော်နှင့်အလိုတော်ကို ပထမဦးစွာရှာကြလော့။ သို့ပြုလျှင်ကိုယ်တော် သည်သင်တို့အားအခြားလိုအပ်သောအရာများ ကိုပေးသနားတော်မူလိမ့်မည်။-
1 Peter 3:9အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-