ကမ္ဘာဦးကျမ်း 43:26
ယောသပ်အိမ်သို့ပြန်လာသောအခါသူတို့ သည် မိမိတို့နှင့်ပါလာသောလက်ဆောင်များ ကိုအိမ်ထဲသို့ယူဆောင်လာပြီးလျှင် ယောသပ် အားဆက်သ၍သူ၏ရှေ့တွင်ပျပ်ဝပ်ကြ လေသည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 27:29တိုင်းနိုင်ငံတို့သည်သင်၏အစေကိုခံရကြ စေသတည်း။ လူမျိုးအပေါင်းတို့သည်သင့်အား ဦးညွှတ်ရကြစေသတည်း။ သင်သည်ဆွေမျိုး သားချင်းတို့ကိုကြီးစိုးရစေသတည်း။ သင်၏ အမိအဆက်အနွယ်တို့သည်သင့်အားဦးညွှတ် ရကြစေသတည်း။ သင့်အားကျိန်စာသင့်သော သူတို့ကိုကျိန်စာသင့်စေသတည်း။ သင့်အား ကောင်းချီးပေးသူတို့သည်ကောင်းချီးခံစား ရကြစေသတည်း'' ဟုကောင်းချီးပေးလေ ၏။
Genesis 37:9တစ်ဖန်ယောသပ်သည်အိပ်မက်မက်ပြန်၍အစ် ကိုတို့အား``ကျွန်တော်သည်အိပ်မက်မြင်မက် ပြန်ပြီ။ ထိုအိပ်မက်ထဲတွင်နေ၊ လနှင့်ကြယ် တစ်ဆယ့်တစ်လုံးတို့ကကျွန်တော်အားဦး ညွှတ်ရှိခိုးကြသည်ကိုမြင်ရပါသည်''ဟု ပြောလေ၏။
Genesis 42:6အီဂျစ်ပြည်ဘုရင်ခံဖြစ်သူယောသပ်သည် အပြည် ပြည်မှစပါးဝယ်လာသောသူတို့အားစပါးရောင်း ချလျက်ရှိ၏။ ယောသပ်၏အစ်ကိုတို့သည်လည်း ရောက်ရှိလာကြ၍ယောသပ်၏ရှေ့မှောက်တွင် ပျပ်ဝပ်ကြလေ၏။-
Psalms 72:9သဲကန္တာရရှိလူမျိုးအပေါင်းတို့သည် မင်းကြီး၏ ရှေ့တော်၌ဦးညွှတ်ကြပါလိမ့်မည်။ မင်းကြီး၏ရန်သူများသည်ခြေတော်ရင်းတွင် ပျပ်ဝပ်ကြပါလိမ့်မည်။
Philippians 2:10ထို့ကြောင့်မိုးမြေနှင့်မြေအောက်ရှိ သတ္တဝါအပေါင်းတို့သည် သခင်ယေရှု၏နာမတော်ကိုရိုသေဦးညွှတ်လျက်၊