ကမ္ဘာဦးကျမ်း 43:27
ယောသပ်သည်သူတို့အားနှုတ်ခွန်းဆက်ပြီး နောက်``သင်တို့ပြောသောသင်တို့၏ဖခင်အို သည်ကျန်းမာပါ၏လော။ သူအသက်ရှင်လျက် ရှိပါသေးသလော'' ဟုမေးမြန်းလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:16ယောသပ်က``အရှင်မင်းကြီးကျွန်တော်မျိုး၌ ထိုအစွမ်းမရှိပါ။ သို့ရာတွင်ဘုရားသခင် သည်ကိုယ်တော်အား သင့်မြတ်သောအနက် အဋ္ဌိပ္ပါယ်ကိုဖွင့်ပြပါလိမ့်မည်'' ဟုလျှောက် လေ၏။
Genesis 42:13ထိုအခါသူတို့က``ကိုယ်တော်၏ကျွန်တို့သည် ခါနာန်ပြည်၌နေထိုင်သောတစ်ယောက်တည်း သောသူ၏ သားတစ်ကျိပ်နှစ်ယောက်ဖြစ်ကြပါ သည်။ ညီတစ်ယောက်သေဆုံး၍ညီအငယ်ဆုံး သည် ယခုဖခင်နှင့်အတူကျန်ရစ်ခဲ့ပါသည်'' ဟုလျှောက်ကြ၏။
Exodus 18:7သို့ဖြစ်၍မောရှေသည်ထွက်လာ၍ယောက္ခမ ကိုဦးညွှတ်လျက်နမ်းရှုပ်ကြိုဆိုလေ၏။ သူ တို့အချင်းချင်းနှုတ်ခွန်းဆက်ကြပြီး နောက်မောရှေ၏တဲထဲသို့ဝင်ကြ၏။-
1 Samuel 17:22ဒါဝိဒ်သည်မိမိယူဆောင်လာသည့်အစားအစာ များကို ရိက္ခာတာဝန်ခံထံတွင်အပ်ထား၍စစ် မြေပြင်သို့ပြေးသွား၏။ ထိုနောက်မိမိ၏ အစ်ကိုများထံသွားရောက်နှုတ်ဆက်၏။-
2 Kings 4:26သူ့ထံသို့အလျင်အမြန်သွား၍`ကိုယ်တိုင်မာ ၏လော၊ ခင်ပွန်းမာ၏လော၊ သားငယ်မာ၏လော၊' ဟုမေးမြန်းလော့'' ဟုဆို၏။ အမျိုးသမီးသည်ဂေဟာဇိအား``ကျန်းမာပါ သည်'' ဟုပြန်ပြော၏။-