ကမ္ဘာဦးကျမ်း 44:20
ကျွန်တော်တို့ကအသက်အရွယ်အိုမင်းသော ဖခင်ရှိပါသည်။ ဖခင်အသက်ကြီးမှရသော ညီတစ်ယောက်လည်းရှိပါသေးသည်။ ထိုသူငယ် ၏အစ်ကိုအရင်းသေဆုံးပြီဖြစ်သောကြောင့် သူ၏မိခင်ဖွားသည့်သားများအနက်ဤ သားတစ်ယောက်တည်းသာကျန်ရှိပါသည်။ သူ၏ဖခင်ကသူ့အားအလွန်ချစ်ပါသည်' ဟုပြောကြားခဲ့ပါသည်။-
Common Language Bible
In The King James Version
In Context
19အရှင်က`သင်တို့တွင်ဖခင်ရှိသေးသလော။ ညီရှိ သေးသလော' ဟုမေးပါသည်။-
21အရှင်က`ထိုသူငယ်ကိုခေါ်ဆောင်ခဲ့ကြ၊ ငါ တွေ့မြင်လိုသည်' ဟုမိန့်ကြားပါသည်။-
Cross References
Genesis 37:3ယာကုပ်သည်အသက်အရွယ်ကြီးမှယောသပ် ကိုရခြင်းကြောင့်အခြားသားများထက်သူ့ အားပို၍ချစ်၏။ သူသည်ယောသပ်အတွက် ထူးခြားစွာတန်ဆာဆင်ထားသောဝတ်ရုံ ကိုချုပ်ပေး၏။-
Genesis 37:33ယာကုပ်သည်ထိုအင်္ကျီကိုမှတ်မိသဖြင့်``ငါ့ သား၏အင်္ကျီပင်ဖြစ်သည်။ သားရဲတစ်ကောင် ကောင်ကသူ့ကိုကိုက်သတ်လေပြီ။ ငါ့သားကို အပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကား'' ဟုဆို လေ၏။-
Genesis 42:36သူတို့အဖက``သင်တို့သည်ငါ့သားများကို တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးစေတော့ မည်လော။ ယောသပ်လည်းမရှိ။ ရှိမောင်လည်း မရှိ။ ယခုဗင်္ယာမိန်ကိုခေါ်ဆောင်သွားကြ ဦးမည်လော။ ငါ၌အတိဒုက္ခရောက်ရပါ သည်တကား'' ဟုဆိုလေ၏။
Genesis 43:7သူတို့က``ထိုသူသည်ကျွန်တော်တို့၏မိသား စုအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းပါသည်။ သူက`သင်တို့၏အဖအသက်ရှင်လျက်ရှိသေး သလော။ သင်တို့တွင်ညီရှိသေးသလော' ဟု မေးပါသည်။ ကျွန်တော်တို့ကသူ၏မေးခွန်း များကိုဖြေရပါသည်။ သူကကျွန်တော်တို့ ၏ညီကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့ရန်စေ ခိုင်းလိမ့်မည်ဟုကျွန်တော်တို့အဘယ်သို့သိ နိုင်မည်နည်း'' ဟုဖြေကြားကြ၏။
Genesis 46:21ဗင်္ယာမိန်၏သားများဖြစ်ကြသောဗေလ၊ ဗေခါ၊ အာရှာဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။-
Luke 7:12မြို့တံခါးအနီးသို့ကိုယ်တော်ရောက်ချိန်၌ လူတို့ သည်မုဆိုးမတစ်ယောက်၏တစ်ဦးတည်းသော သား၏အလောင်းကိုသင်္ဂြိုဟ်ရန် မြို့ပြင်သို့ထုတ် ဆောင်လာကြ၏။ ထိုမုဆိုးမနှင့်အတူမြို့သူ မြို့သားတို့သည်လိုက်ပို့ကြ၏။-