ကမ္ဘာဦးကျမ်း 45:6
တိုင်းပြည်တွင်အစာခေါင်းပါးခြင်းကပ်ဆိုက် သည်မှာ ယခုနှစ်နှစ်မျှသာရှိသေးသည်။ ထွန် ယက်စိုက်ပျိုးခြင်းနှင့်စပါးရိတ်သိမ်းခြင်းမပြု လုပ်နိုင်သောနှစ်ငါးနှစ်ကျန်သေး၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 41:35ထိုသူတို့အားလာမည့်ပေါကြွယ်ဝသောနှစ် များအတွင်းရိက္ခာစုဆောင်းစေ၍ မြို့များ၌ သိုလှောင်စေပြီးလျှင်စောင့်ရှောက်စေတော် မူပါ။-
Genesis 41:56အစာခေါင်းပါးခြင်းကပ်သည်အီဂျစ်ပြည် အရပ်ရပ်သို့ဆိုက်ရောက်၍အလွန်ဆိုးရွား လာသဖြင့် ယောသပ်သည်စပါးကျီရှိသမျှ တို့ကိုဖွင့်၍အီဂျစ်ပြည်သားတို့အားစပါး ရောင်းချလေ၏။-
Genesis 47:23ယောသပ်ကပြည်သားတို့အား``ယခုငါသည် သင်တို့နှင့်သင်တို့၏လယ်မြေများကိုဘုရင့် အတွက်ဝယ်ယူပြီးပြီ။ သင်တို့၏လယ်များ တွင်စိုက်ပျိုးရန်မျိုးစပါးကိုယူကြလော့။-
Deuteronomy 21:4ထိုနွားမကိုရေမခန်းသည့်ချောင်းအနီး ရှိမြေရိုင်းတစ်ကွက်သို့ခေါ်ဆောင်၍ ထို နေရာတွင်နွားမ၏လည်ကိုချိုး၍သတ် ရမည်။-
Isaiah 30:24သင်တို့လယ်ယာများကိုထွန်ယက်ပေးကြ သည့်နွားများ၊ မြည်းများသည်ကောင်းပေ့၊ သန့်ပေ့ဆိုသည့်အစာများကိုစားရကြ လိမ့်မည်။-