ကမ္ဘာဦးကျမ်း 47:24
စပါးရိတ်သိမ်းသည့်အခါငါးပုံတစ်ပုံကို ဘုရင့်ထံဆက်ရမည်။ ကျန်သောစပါးကိုမျိုး စပါးအတွက်နှင့်သင်တို့နှင့်မိသားစုစားသုံး ရန်အတွက်အသုံးပြုကြလော့'' ဟုဆိုလေ၏။
Common Language Bible
In The King James Version
In Context
Cross References
Genesis 14:20သင်၏ရန်သူများကိုအောင်စေသည့်အမြင့်ဆုံး သောထာဝရဘုရား၏ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေသတည်း'' ဟုမြွက်ဆိုလေ၏။ အာဗြံကလည်းမိမိသိမ်းယူခဲ့သောပစ္စည်း အားလုံးမှဆယ်ပုံတစ်ပုံကို ယဇ်ပုရောဟိတ် မင်းအားပေးလှူလိုက်လေ၏။
Genesis 28:22အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။
Genesis 47:25ပြည်သားတို့က``ကိုယ်တော်သည်ကျွန်တော်တို့ ၏အသက်ကိုကယ်တော်မူပါပြီ။ ကျွန်တော် တို့သည်ကိုယ်တော်ထံမှမျက်နှာသာရပါ စေသော၊ သနားညှာတာတော်မူပါပြီ။ ကျွန် တော်တို့သည်ဘုရင်ထံ၌ကျွန်ခံပါမည်'' ဟုလျှောက်ကြ၏။-
Leviticus 27:32မွေးမြူထားသောနွား၊ သိုး၊ ဆိတ်၊ တို့ကိုရေတွက် လော့။ ယင်းတို့အနက်ဆယ်ကောင်လျှင်တစ် ကောင်ကျထာဝရဘုရားနှင့်ဆိုင်၏။-
Deuteronomy 14:22``နှစ်စဉ်သင်တို့၏လယ်ယာများမှ ထွက်သမျှ သောအသီးအနှံဆယ်ဖို့တစ်ဖို့ကို သီးသန့် ဖယ်ထားရမည်။-
1 Samuel 8:15သူသည်ဂျုံဆန်နှင့်စပျစ်သီးဆယ်ပုံတစ်ပုံ ကို မိမိ၏နန်းတွင်းအရာရှိများနှင့်အခြား အမှုထမ်းအရာထမ်းတို့အတွက်သိမ်းယူ လိမ့်မည်။-