ကမ္ဘာဦးကျမ်း 48:15
ယောသပ်အားကောင်းချီးပေးလေသည်။ ``ငါ၏အဘိုးအာဗြဟံနှင့်အဖဣဇာက်တို့ ကိုးကွယ်သောဘုရားသခင်၊ ငါ့ကိုယနေ့တိုင်အောင်စောင့်ရှောက်တော်မူသော ဘုရားသခင်၊ငါ့ကိုဘေးအန္တရာယ်အပေါင်းတို့မှ ကယ်တင်တော်မူသောကောင်းကင်တမန်သည် ဤသူငယ်တို့အားကောင်းချီးပေးတော်မူပါ စေသော။ ငါ၏နာမည်၊ငါ၏အဘိုးအာဗြဟံနှင့် အဖဣဇာက်တို့၏နာမည်သည် သူတို့အားဖြင့်တည်မြဲနိုင်ပါစေသော။ သူတို့၏အဆက်အနွယ်သည်တိုးပွား များပြားကြပါစေသော။''
Common Language Bible
In The King James Version
In Context
Cross References
Genesis 6:9နောဧအကြောင်းအရာကိုဖော်ပြပေအံ့။ နောဧတွင်ရှေမ၊ ဟာမနှင့်ယာဖက်ဟူ၍သား သုံးယောက်ရှိ၏။ သူသည်အပြစ်ကင်း၍ထိုခေတ် လူအပေါင်းတို့တွင် သူတစ်ယောက်တည်းသာ လျှင်သူတော်ကောင်းဖြစ်၏။ သူသည်ဘုရားသခင်နှင့်မိတ်သဟာယဖွဲ့၍သက်ရှင်နေ ထိုင်၏။-
Genesis 24:20မိန်းမပျိုသည်ခရားထဲ၌ရှိသောရေကိုရေ တိုက်ခွက်ထဲသို့ချက်ချင်းသွန်ချပြီးလျှင် သူ ၏ကုလားအုတ်အားလုံးတို့ကိုရေတိုက်ပြီး သည်အထိရေတွင်းမှရေကိုအလျင်အမြန် ခပ်သယ်ပေးသည်။-
Genesis 27:4ငါကြိုက်နှစ်သက်သောအမဲဟင်းလျာကိုချက် ၍ငါ့ထံသို့ယူခဲ့ပါ။ ထိုဟင်းကိုငါစားပြီး လျှင်ငါမသေမီသင့်အားကောင်းချီးပေးမည်'' ဟုမှာကြားလေသည်။
Genesis 28:3အနန္တတန်ခိုးရှင်ဘုရားသခင်သည်သင့်ကို ကောင်းချီးပေး၍သားသမီးများစွာထွန်း ကားစေသဖြင့် သင်သည်လူမျိုးများစွာတို့ ၏ဖခင်ဖြစ်ပါစေသော။-
Genesis 28:22အကျွန်ုပ်စိုက်ထူသောဤမှတ်တိုင်သည်ထာဝရ ဘုရားကိုကိုးကွယ်ရာဌာနဖြစ်ပါလိမ့်မည်။ အကျွန်ုပ်သည်လည်းကိုယ်တော်ရှင်ပေးတော်မူ သမျှထဲမှဆယ်ပုံတစ်ပုံကိုကိုယ်တော်ရှင် အားလှူဒါန်းပါမည်'' ဟုသစ္စာဆိုလေ၏။