ကမ္ဘာဦးကျမ်း 49:7
သူတို့သည်ဒေါသပြင်းထန်၍အမျက်စူးရှ သဖြင့် ကျိန်စာသင့်ခြင်းခံရကြပါစေသတည်း။ ငါသည်သူတို့အားဣသရေလပြည်တွင် အနှံ့အပြားကွဲလွင့်စေမည်။ မိမိလူမျိုးများထဲတွင်လူစုကွဲစေမည်။
Common Language Bible
In The King James Version
In Context
Cross References
Joshua 19:1ဒုတိယအကြိမ်မဲချ ၍ခွဲဝေပေးသောအခါရှိမောင်အနွယ်ဝင် မိသားစုတို့နယ်မြေရရှိကြ၏။ ထိုနယ် မြေသည်ယုဒအနွယ်ဝင်တို့အားခွဲဝေ ပေးသောနယ်မြေအတွင်း၌တည်ရှိသည်။-
Joshua 21:1လေဝိအနွယ်မိသားစုခေါင်းဆောင်တို့သည် ခါနာန်ပြည်၊ ရှိလောမြို့နေယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်အပေါင်းတို့၏မိသားစုအကြီးအကဲ တို့ထံသို့ချဉ်းကပ်၍``ထာဝရဘုရားသည် အကျွန်ုပ်တို့နေထိုင်ရန်မြို့များနှင့်အကျွန်ုပ် တို့၏သိုးနွားများအတွက် ယင်းမြို့များပတ် ဝန်းကျင်ရှိစားကျက်များကိုသတ်မှတ်ပေး ရမည်ဟူ၍ မောရှေမှတစ်ဆင့်မိန့်မှာတော် မူခဲ့ပါသည်'' ဟုလျှောက်ထားကြ၏။-
Joshua 21:8ထာဝရဘုရားသည်မောရှေမှတစ်ဆင့်မိန့် မှာတော်မူသည့်အတိုင်းဣသရေလအမျိုး သားတို့သည်မဲချ ၍ဤမြို့များနှင့်စားကျက်များကိုလေဝိ အနွယ်ဝင်တို့အတွက်သတ်မှတ်ပေးလေသည်။
2 Samuel 13:22အဗရှလုံမူကားမိမိ၏နှမတာမာကိုမ တော်မတရားပြုကျင့်သည့်အတွက် အာမနုန် အားလွန်စွာမုန်းသဖြင့်စကားမပြောဘဲ နေ၏။
1 Chronicles 4:39အနောက်ဘက်တွင်ဂေရာမြို့အနီးသို့တိုင် အောင်ပြန့်နှံ့သွားလျက် ထိုမြို့တည်ရာချိုင့် ဝှမ်းအရှေ့ဘက်တွင်သိုးများကိုထိန်း ကျောင်းကြ၏။-
Proverbs 26:24အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ်၏။