ကမ္ဘာဦးကျမ်း 50:10
သူတို့သည်ယော်ဒန်မြစ်အရှေ့ဘက်၊ အာတဒ် အမည်ရှိကောက်နယ်တလင်းသို့ရောက်ရှိကြ သောအခါ ဟစ်အော်၍ငိုကြွေးမြည်တမ်းကြ ၏။ ထိုအရပ်တွင်ယောသပ်သည် ယာကုပ်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းသည့်ပွဲ ကိုကျင်းပလေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 50:11ထိုဒေသတွင်နေထိုင်ကြသောခါနာန်အမျိုး သားတို့ကအာတဒ်ကောက်နယ်တလင်း၌ လူ များငိုကြွေးမြည်တမ်းနေကြခြင်းကိုမြင် ရသောအခါ``အီဂျစ်အမျိုးသားတို့သည် အလွန်ဝမ်းနည်းကြေကွဲလျက်ရှိကြပါသည် တကား'' ဟုဆိုကြ၏။ သို့ဖြစ်၍ယော်ဒန်မြစ် အရှေ့ဘက်တွင်ရှိသောထိုဒေသကိုအဗေ လမိဇရိမ်ဟူ၍နာမည်မှည့်ကြ၏။
Deuteronomy 1:1ဤကျမ်းစောင်တွင်ဣသရေလအမျိုးသား တို့ ယော်ဒန်မြစ်အရှေ့ဘက်တောကန္တာရသို့ ရောက်ရှိကြသောအခါ မောရှေကသူတို့ အားပြောကြားသည့်စကားကိုမှတ်တမ်း တင်ထားသည်။ သူတို့သည်သုဖမြို့အနီး ယော်ဒန်မြစ်ဝှမ်းတွင်ရောက်ရှိနေကြသည်။ သူတို့တစ်ဘက်၌ပါရန်မြို့ရှိ၍အခြား တစ်ဘက်၌တောဖေလမြို့၊ လာဗန်မြို့၊ ဟာဇရုတ်မြို့၊ ဒိဇဟတ်မြို့တို့ရှိကြသည်။-
1 Samuel 31:13ထိုနောက်အရိုးတို့ကိုကောက်ယူ၍မြို့ရှိ မန်ကျည်းပင်အောက်တွင်မြှုပ်နှံပြီးနောက် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြ၏။ ဋ္ဌမ္မရာဇဝင်ပထမစောင်ပြီး၏။
1 Chronicles 10:12သူရဲကောင်းအပေါင်းတို့သည်သွား၍ ရှောလု မင်းနှင့်သားတို့၏အလောင်းများကိုယာဗက် မြို့သို့ယူဆောင်ခဲ့ကြ၏။ ထိုနောက်အရိုးတို့ကို ဝက်သစ်ချပင်အောက်တွင်သင်္ဂြိုဟ်ကြပြီးလျှင် ခုနစ်ရက်တိုင်တိုင်အစာရှောင်ကြကုန်၏။
Acts 8:2ဘုရားတရားကြည်ညိုသူလူအချို့တို့ သည် သတေဖန်ကိုသင်္ဂြိုဟ်၍သည်းစွာငိုကြွေး မြည်တမ်းကြ၏။