ကမ္ဘာဦးကျမ်း 50:11
ထိုဒေသတွင်နေထိုင်ကြသောခါနာန်အမျိုး သားတို့ကအာတဒ်ကောက်နယ်တလင်း၌ လူ များငိုကြွေးမြည်တမ်းနေကြခြင်းကိုမြင် ရသောအခါ``အီဂျစ်အမျိုးသားတို့သည် အလွန်ဝမ်းနည်းကြေကွဲလျက်ရှိကြပါသည် တကား'' ဟုဆိုကြ၏။ သို့ဖြစ်၍ယော်ဒန်မြစ် အရှေ့ဘက်တွင်ရှိသောထိုဒေသကိုအဗေ လမိဇရိမ်ဟူ၍နာမည်မှည့်ကြ၏။
Common Language Bible
In The King James Version
In Context
12ယာကုပ်၏သားတို့သည်အဖမှာခဲ့သည့် အတိုင်း၊-
Cross References
Genesis 13:7သို့ဖြစ်၍အာဗြံ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူများနှင့် လောတ၏တိရစ္ဆာန်များကိုထိန်းကျောင်းသူတို့အချင်းချင်းခိုက်ရန်ဖြစ်ပွားကြလေသည်။ (ထိုအချိန်၌ခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုးသားတို့သည်လည်း ထိုပြည်တွင်နေထိုင်လျက်ရှိကြသေး၏။)
Genesis 34:30ထိုအခါယာကုပ်ကရှိမောင်နှင့်လေဝိတို့ အား``သင်တို့သည်ငါ့ကိုဒုက္ခရောက်စေပြီ။ ဤ ပြည်မှခါနာန်အမျိုးသားနှင့်ဖေရဇိအမျိုး သားတို့သည်ငါ့ကိုမုန်းကြလိမ့်မည်။ ငါ့ထံ၌ လူအင်အားအနည်းငယ်သာရှိသည်။ အကယ်၍ သူတို့စည်းရုံးကြပြီးလျှင်ငါ့ကိုတိုက်ခိုက် ပါက ငါတို့မိသားစုအားလုံးသေကြေ ပျက်စီးရကြလိမ့်မည်'' ဟုပြောလေ၏။
Deuteronomy 3:25အို ထာဝရဘုရား၊ အကျွန်ုပ်အားယော်ဒန်မြစ်ကို ကူးစေ၍ တစ်ဘက်တွင်ရှိသောမြေသြဇာကောင်း သည့်ပြည်ကိုလည်းကောင်း၊ သာယာသည့်တောင် ကုန်းဒေသနှင့်လေဗနုန်တောင်ကိုလည်းကောင်း တွေ့မြင်ခွင့်ပေးတော်မူပါ' ဟုတောင်းပန် လျှောက်ထား၏။''
Deuteronomy 11:30(ဤတောင်နှစ်လုံးသည် ယော်ဒန်မြစ်အနောက် ဘက်၊ ယော်ဒန်မြစ်ဝှမ်းတွင်နေထိုင်သော ခါနာန် အမျိုးသားတို့၏နယ်မြေထဲ၌တည်ရှိသည်။ ယင်းတောင်တို့သည် ဂိလဂါလမြို့အနီးမောရေ သပိတ်ပင်များနှင့် မဝေးသောအနောက်ဘက် တွင်တည်ရှိ၏။-)