ကမ္ဘာဦးကျမ်း 50:13
ဖခင်၏အလောင်းကိုခါနာန်ပြည်သို့ယူ ဆောင်ခဲ့ပြီးလျှင် ဟိတ္တိအမျိုးသားဧဖရုန် ထံမှသင်္ချိုင်းမြေအဖြစ်အာဗြဟံဝယ်ယူ ထားသော မံရေမြို့အရှေ့မပ္ပေလမြေကွက်၌ ရှိသည့်သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြလေသည်။-
Common Language Bible
In The King James Version
In Context
12ယာကုပ်၏သားတို့သည်အဖမှာခဲ့သည့် အတိုင်း၊-
Cross References
Genesis 23:16အာဗြဟံသည်သဘောတူ၍လူတို့ရှေ့တွင်ဧဖရုန်တန်ဖိုးဖြတ်သောငွေသားလေးရာကိုကုန်သည်သုံးစံချိန်အရချိန်တွယ်၍ဧဖရုန်အားပေးလေ၏။
Genesis 23:20သို့ဖြစ်၍ဟိတ္တိအမျိုးသားတို့ပိုင်သောမြေကွက်နှင့်ဂူသည်အာဗြဟံပိုင်သင်္ချိုင်းမြေဖြစ်လာလေသည်။
Genesis 25:9သားများဖြစ်ကြသောဣဇာက်နှင့်ဣရှမေလ တို့သည် မံရေမြို့အရှေ့ဘက်ရှိဟိတ္တိအမျိုးသား ဇောရ၏သားဧဖရုန်ပိုင်ခဲ့သောမြေကွက်တွင် မပ္ပေလဂူ၌ဖခင်ကိုသင်္ဂြိုဟ်ကြ၏။-
Genesis 35:29သူ၏သားများဖြစ်ကြသောဧသောနှင့် ယာကုပ်တို့ကသူ့အားသင်္ဂြိုဟ်ကြ၏။
Genesis 49:29ထိုနောက်ယာကုပ်ကသူ၏သားတို့အား``ငါ ၏လူမျိုးစည်းဝေးရာသို့ ငါသွားရမည်။ ခါ နာန်ပြည်မံရေမြို့အရှေ့ဘက်ရှိ ဟိတ္တိအမျိုး သားဧဖရုန်၏မြေ၌ငါ့ဘိုးဘေးတို့၏သင်္ချိုင်း တွင်သင်္ဂြိုဟ်ကြလော့။ အာဗြဟံသည်ခါနာန် ပြည်မံရေမြို့ရှိမပ္ပေလလယ် လယ်ပြင်၌ထိုမြေ နှင့်သင်္ချိုင်းကိုဟိတ္တိအမျိုးသားဧဖရုန်ထံမှ သင်္ချိုင်းမြေအဖြစ်ဝယ်ယူခဲ့၏။-
Acts 7:16သူတို့၏အလောင်းများကိုရှေခင်မြို့သို့ပို့ ဆောင်ပြီးလျှင် အာဗြဟံဝယ်ယူထားခဲ့သည့် သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ ထိုသင်္ချိုင်းကားဟာ မော်၏သားများထံမှအာဗြဟံအဖိုးငွေ ပေး၍ဝယ်ယူထားသောသင်္ချိုင်းဖြစ်သတည်း။''