ကမ္ဘာဦးကျမ်း 50:25
ထိုနောက်ဣသရေလအမျိုးသားတို့ အား``ဘုရားသခင်သည်သင်တို့ကိုထို ပြည်သို့ပို့ဆောင်သောအခါ ငါ၏အရိုး တို့ကိုသင်တို့နှင့်အတူဆောင်သွားပါမည် ဟုငါ့အားကတိပေးပါလော့'' ဟုဆို လျက်ကျိန်ဆိုကတိပေးစေ၏။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 47:29သူသည်စုတေ့ရသောအချိန်နီးလာသော အခါ သားယောသပ်ကိုခေါ်၍ငါ့အားသင် မျက်နှာသာပေးမည်ဆိုလျှင်``ငါ၏ပေါင်အောက် မှာသင်၏လက်ကိုထားလျက် သင်၏ကရုဏာ နှင့်သစ္စာတရားကိုငါ့အားပြမည်ဟုကတိ ပြုပါလော့။ အဖကိုအီဂျစ်ပြည်၌သင်္ဂြိုဟ် ခြင်းမပြုပါနှင့်။-
Genesis 50:5``ကျွန်တော်၏အဖသေအံ့ဆဲဆဲတွင်သူ့အား ခါနာန်ပြည်ရှိသူဝယ်ထားသောသင်္ချိုင်း၌ သင်္ဂြိုဟ်ရမည်ဟု ကျွန်တော်အားကတိသစ္စာပြု စေခဲ့ပါသည်။ သို့ဖြစ်၍အဖ၏အလောင်းကို သင်္ဂြိုဟ်ရန် ခါနာန်ပြည်သို့သွား၍အလောင်း ကိုသင်္ဂြိုဟ်ပြီးလျှင်အီဂျစ်ပြည်သို့ပြန်လာ ပါမည်''ဟုဆိုလေ၏။
Exodus 13:19ယောသပ်ကဣသရေလအမျိုးသားတို့အား ကတိသစ္စာထားစေခဲ့သည့်အတိုင်း မောရှေ သည်ယောသပ်၏အရိုးတို့ကိုယူဆောင်ခဲ့ လေသည်။ ယောသပ်က``ဘုရားသခင်သည် သင်တို့ကိုကယ်တင်ထုတ်ဆောင်သောအခါ ငါ့အရိုးတို့ကိုဤအရပ်မှယူဆောင် သွားရမည်'' ဟုခိုင်မြဲသောကတိပြု စေ၏။
Ruth 1:6ကာလအတန်ကြာသောအခါ ထာဝရဘုရား သည်ကောက်ပဲသီးနှံအထွက်များစေခြင်းအား ဖြင့် မိမိ၏လူစုအားကောင်းချီးပေးတော်မူ ကြောင်းသတင်းကိုနောမိကြားရလေသည်။ သို့ ဖြစ်၍သူသည်မိမိ၏ချွေးမများနှင့်အတူ မောဘပြည်မှထွက်ခွာရန်အသင့်ပြင်လေ၏။-
Hebrews 11:22ယောသပ်သည်သေချိန်နီးသောအခါယုံကြည် ခြင်းအားဖြင့် အီဂျစ်ပြည်မှဣသရေလအမျိုး သားတို့လွတ်မြောက်လာမည့်အခြင်းအရာ ကိုရည်ညွှန်းပြောကြားကာ မိမိ၏အရိုး များနှင့်ပတ်သက်၍မှာကြား၏။