ကမ္ဘာဦးကျမ်း 50:9
ရထားစီးသူရဲနှင့်မြင်းစီးသူရဲများလည်း လိုက်ပါလာကြသဖြင့် အလွန်များစွာသော အလုံးအရင်းတို့သည်ယောသပ်နှင့်အတူ လိုက်ပါပို့ဆောင်ကြ၏။
Common Language Bible
In The King James Version
And there went up with him both chariots and horsemen: and it was a very great company.
In Context
Cross References
Genesis 46:29ယောသပ်သည်အဖဣသရေလအားကြိုဆို ရန်ဂေါရှင်အရပ်သို့ရထားဖြင့်သွားလေ၏။ ဖခင်ရှေ့သို့ရောက်သောအခါဖခင်ကိုဖက် ၍ကြာရှည်စွာငိုကြွေးလေ၏။-
Exodus 14:17ငါသည်အီဂျစ်အမျိုးသားတို့ကိုခေါင်း မာစေသဖြင့် သူတို့သည်ဣသရေလ အမျိုးသားတို့နောက်သို့ဆင်းလိုက်ကြ လိမ့်မည်။ ငါသည်ဘုရင်နှင့်တကွသူ၏ စစ်တပ်၊ ရထားတပ်နှင့်မြင်းတပ်တို့ကို နှိမ်နင်းအောင်မြင်ခြင်းအားဖြင့် ငါ၏ ဘုန်းထင်ရှားလိမ့်မည်။-
2 Kings 18:24သင်တို့သည်အာရှုရိတပ်မတော်တွင်အငယ်ဆုံး သောဗိုလ်ကိုပင်ယှဉ်ပြိုင်နိုင်မှုမရှိဘဲ အီဂျစ်အမျိုး သားတို့ထံမှစစ်ရထားနှင့်မြင်းစီးသူရဲအကူ အညီများကိုစောင့်မျှော်ကြပါသည်တကား။-
Acts 8:2ဘုရားတရားကြည်ညိုသူလူအချို့တို့ သည် သတေဖန်ကိုသင်္ဂြိုဟ်၍သည်းစွာငိုကြွေး မြည်တမ်းကြ၏။