ကမ္ဘာဦးကျမ်း 7:2
သင်နှင့်အတူသန့်စင်သောတိရစ္ဆာန်များမှတစ် မျိုးလျှင် ခုနစ်စုံစီကိုခေါ်ဆောင်လော့။ မသန့်စင် သောတိရစ္ဆာန်များမှ တစ်မျိုးလျှင်အထီးနှင့် အမတစ်စုံစီကိုသာခေါ်ဆောင်ရမည်။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 7:8ဘုရားသခင်မိန့်မှာသည့်အတိုင်းသန့်စင်သော တိရစ္ဆာန်နှင့်ငှက်၊ မသန့်စင်သောတိရစ္ဆာန်နှင့်ငှက်မှ တစ်မျိုးလျှင် အဖိုနှင့်အမအစုံတို့သည် နောဧနှင့်အတူသင်္ဘောထဲသို့ဝင်ကြ၏။-
Leviticus 10:10သင်တို့သည်ဘုရားသခင်နှင့်ဆိုင်သောအရာ၊ မဆိုင်သောအရာ၊ ဘာသာရေးထုံးနည်းအရ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာ တို့ကိုခွဲခြားတတ်ရမည်။-
Leviticus 11:11ထိုသတ္တဝါများကိုမသန့်ရှင်းဟုမှတ်ယူ ရမည်။ သင်တို့သည်ထိုသတ္တဝါများကို မစားရ၊ အသေကောင်များကိုပင်မထိ ရ။-
Deuteronomy 14:1``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
Acts 10:11ထိုဗျာဒိတ်ရူပါရုံတွင်မိုးကောင်းကင်ကွဲဟ သည်ကိုလည်းကောင်း၊ ထောင့်လေးထောင့်မှချုပ် ကိုင်ထားသောရွက်ထည်ကြီးနှင့်တူသည့် အရာမြေသို့ကျလာသည်ကိုလည်းကောင်း တွေ့မြင်ရ၏။-