The Bible Software
bible.software › ကမ္ဘာဦးကျမ်း › ကမ္ဘာဦးကျမ်း 8 › ကမ္ဘာဦးကျမ်း 8:21

ကမ္ဘာဦးကျမ်း 8:21

ထာ​ဝ​ရ​ဘု​ရား​သည်​မွှေး​ကြိုင်​သော​ရ​နံ့​ကို နှစ်​သက်​တော်​မူ​၍``လူ​တို့​၏​အ​ကျင့်​ကြောင့်​နောင် မည်​သည့်​အ​ခါ​၌​မျှ မြေ​ကြီး​ကို​ကျိန်​စာ​သင့် စေ​မည်​မ​ဟုတ်။ လူ​သည်​ငယ်​ရွယ်​စဉ်​မှ​စ​၍​စိတ် နှ​လုံး​အ​ကြံ​အ​စည်​ဆိုး​ယုတ်​ကြောင်း​ငါ​သိ​၏။ ငါ​သည်​သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​ကို ယ​ခု အ​ကြိမ်​ကဲ့​သို့​နောက်​တစ်​ဖန်​သေ​ကြေ​ပျက်​စီး စေ​မည်​မ​ဟုတ်။-

Common Language Bible

In The King James Version

And the LORD smelled a sweet savour; and the LORD said in his heart, I will not again curse the ground any more for man’s sake; for the imagination of man’s heart is evil from his youth; neither will I again smite any more every thing living, as I have done.

In Context

20နော​ဧ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ် ပလ္လင်​ကို​တည်​၍ သန့်​စင်​သော​တိရစ္ဆာန်​နှင့်​ငှက်​အ​မျိုး မျိုး​ထဲ​မှ​တစ်​ကောင်​ကျ​စီ​ယူ​လျက် ပလ္လင်​ထက်​တွင် အ​ကောင်​လိုက်​မီးရှို့​ပူ​ဇော်​လေ​၏။-

22ကမ္ဘာ​တည်​သ​မျှ​စိုက်​ပျိုး​ရ​သော​အ​ချိန်​နှင့် ရိတ်​သိမ်း​ရ​သော​အ​ချိန်​ရှိ​စေ​မည်။ အ​အေး​နှင့် အ​ပူ၊ နွေ​ရာ​သီ​နှင့်​ဆောင်း​ရာ​သီ၊ နေ့​ည​မ​ပြတ် ရှိ​စေ​မည်'' ဟု​စိတ်​ပြ​ဋ္ဌာန်း​တော်​မူ​၏။

Read all of ကမ္ဘာဦးကျမ်း 8

Cross References

Genesis 4:12သင်​သည်​မြေ​ကို​ထွန်​ယက်​စိုက်​ပျိုး​သော်​လည်း အ​သီး​အ​နှံ​ထွက်​မည်​မ​ဟုတ်။ သင်​သည်​အိုး အိမ်​မဲ့​လျက်​မြေ​ကြီး​ပေါ်​တွင်​လှည့်​လည် နေ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

Genesis 6:5ကမ္ဘာ​အ​ရပ်​ရပ်​တွင်​လူ​တို့​သည်​အ​လွန်​ဆိုး သွမ်း​၍ စိတ်​အ​ကြံ​အ​စည်​များ​လည်း​အ​စဉ် မိုက်​မဲ​လျက်​ရှိ​သည်​ကို ထာ​ဝ​ရ​ဘု​ရား​သိ မြင်​တော်​မူ​သော​အ​ခါ၊-

Genesis 9:11သင်​တို့​နှင့်​ငါ​ယ​ခု​ပြု​သော​ပ​ဋိ​ညာဉ်​စ​ကား​ဟူ​မူ​ကား`သက်​ရှိ​သတ္တ​ဝါ​အ​ပေါင်း​တို့​သည်​နောင်​မည်​သည့်​အ​ခါ​၌​မျှ​ရေ​လွှမ်း​မိုး​၍​နောက်​တစ်​ဖန်​မ​ပျက်​စီး​စေ​ရ။-

Exodus 29:18သိုး​တစ်​ကောင်​လုံး​ကို​ယဇ်​ပလ္လင်​ထက်​တွင်​မီး​ရှို့ ပူ​ဇော်​ရ​မည်။ ဤ​သို့​ပူ​ဇော်​ခြင်း​သည်​ထာ​ဝ​ရ ဘု​ရား​အား ဆက်​သ​သော​မီး​ရှို့​ပူ​ဇော်​သကာ ဖြစ်​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ယဇ်​မှ​ရ​နံ့ ကို​နှစ်​သက်​တော်​မူ​၏။

Leviticus 1:9ဝမ်း​တွင်း​သား​နှင့်​နောက်​ခြေ​များ​ကို​ရေ​ဆေး ရ​မည်။ ထို့​နောက်​တာ​ဝန်​ကျ​ယဇ်​ပု​ရော​ဟိတ် သည် တိ​ရစ္ဆာန်​တစ်​ကောင်​လုံး​ကို​ပလ္လင်​ပေါ်​တွင် မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော်​သ​ကာ​၏​ရ​နံ့ ကို ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။

Leviticus 1:17သူ​သည်​အ​တောင်​ပံ​များ​ကို​ကိုင်​၍​ငှက်​ကိုယ် ကို​ဆွဲ​ဖွင့်​ရ​မည်။ သို့​ရာ​တွင်​အ​တောင်​များ​မ ကျွတ်​ထွက်​စေ​ရ။ ထို့​နောက်​တစ်​ကောင်​လုံး​ကို ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သ​ကာ​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက် တော်​မူ​၏။

This Verse In Other Editions

King James VersionBíblia Portuguesa MundialLuther Bibel (Deutsch)Bible Louis Segond (Français)Библия (Русский)新标点和合本성경 (한국어)الكتاب المقدس باللغة العربية، فان دايكBibbia Diodati (Italiano)Kinh Thánh (Tiếng Việt)Biblia Cornilescu (Română)Polish Biblia Gdanska (1881)Statenvertaling (Nederlands)

Study ကမ္ဘာဦးကျမ်း 8:21

Matthew HenryJamieson-Fausset-BrownAdam ClarkeJohn WesleyJohn CalvinKeil and DelitzschScofieldFamily Bible NotesGeneva Bible Notes (1599)
← ကမ္ဘာဦးကျမ်း 8:20ကမ္ဘာဦးကျမ်း 8ကမ္ဘာဦးကျမ်း 8:22 →