ကမ္ဘာဦးကျမ်း 9:1
ဘုရားသခင်သည်နောဧနှင့်သူ၏သားတို့အားကောင်းချီးပေး၍``သင်တို့၏သားစဉ်မြေးဆက်တို့သည်မြေကြီးပေါ်တွင် နေရာအနှံ့အပြားနေထိုင်နိုင်ကြစေရန်သားသမီးမြောက်မြားစွာမွေးဖွားကြလော့။-
Common Language Bible
In The King James Version
In Context
Cross References
Genesis 1:28သူတို့ကိုကောင်းချီးပေးလျက်``သားသမီး များစွာမွေးဖွားကြလော့။ ကမ္ဘာမြေကြီး အရပ်ရပ်တို့တွင် သင်တို့၏အမျိုးစဉ်အမျိုး ဆက်နေထိုင်ကြလော့။ ကမ္ဘာမြေကြီးကိုလည်း စိုးပိုင်ကြလော့။ ရေသတ္တဝါ၊ ငှက်သတ္တဝါနှင့် တိရစ္ဆာန်ရိုင်းအမျိုးမျိုးတို့ကိုအုပ်စိုးကြ လော့'' ဟုမိန့်တော်မူ၏။-
Genesis 8:17ငှက်နှင့်တိရစ္ဆာန်အပေါင်းတို့သည်ကမ္ဘာမြေကြီး ပေါ်မှာမျိုးပွားစေရန် ယင်းတို့ကိုသင်နှင့်အတူ ထုတ်ဆောင်လော့'' ဟုမိန့်တော်မူ၏။-
Genesis 9:19ကမ္ဘာမြေကြီးပေါ်ရှိလူအပေါင်းတို့သည် နောဧ၏သားသုံးယောက်တို့မှဆင်းသက်ပေါက်ပွားလာကြကုန်၏။
Genesis 24:60သူတို့က၊ ``ငါတို့၏နှမသည်လူပေါင်းသိန်းသန်းတို့၏ မိခင်ဖြစ်ပါစေ။ သင်၏အမျိုးအနွယ်တို့သည်ရန်သူတို့၏မြို့ များကို တိုက်ခိုက်အောင်မြင်ကြပါစေ'' ဟုဆို၍ ရေဗက္ကအားကောင်းချီးပေးကြ၏။
Psalms 128:3အိမ်တွင်း၌သင်၏ဇနီးသည်အသီးနှင့်ပြည့်သော စပျစ်ပင်ကဲ့သို့လည်းကောင်း၊ စားပွဲပတ်လည်ရှိသင်၏သားများသည်လည်း စိုက်ပျိုးထားသောသံလွင်ပင်ပျိုများ ကဲ့သို့လည်းကောင်းဖြစ်လိမ့်မည်။